၂၀၂၆ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကျင်းပ အပြေးသမား ၇၀၀၀ ကျော် ပါဝင်ဆင်နွှဲ

News Image

  • ၂၀၂၆ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကျင်းပ အပြေးသမား ၇၀၀၀ ကျော် ပါဝင်ဆင်နွှဲ

ရန်ကုန်   ဖေဖော်ဝါရီ  ၂၂

Yoma Group မှကြီးမှူးကျင်းပသည့် ၂၀၂၆  ရိုးမ-ရန်ကုန်  အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကို    ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ပြိုင်ပွဲဝင် အပြေးသမား  ၇၀၀၀  ကျော်  ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၁ ကီလိုမီတာ (တစ်ဝက်မာရသွန်)ပြိုင်ပွဲ၊   ၁၀   ကီလိုမီတာ (စိန်ခေါ်ပြေးပွဲ) ပြိုင်ပွဲနှင့်    ၅   ကီလိုမီတာ(အပျော်တမ်းပြေးပွဲ)     ပြိုင်ပွဲများအား  အချက်ပေး သေနတ်ပစ်ဖောက်တာ လွှတ်ပေးသည်။

ယင်းပြိုင်ပွဲ၏ ၅ ကီလိုမီတာ(အပျော်တမ်းပြေးပွဲ)ပြိုင်ပွဲအား အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)မှ တာထွက်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ၎င်းမှ  လာလမ်းအတိုင်းလည်းကောင်း၊ ၁၀ ကီလိုမီတာ(စိန်ခေါ်ပြေးပွဲ)ပြိုင်ပွဲအား အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)မှ တာထွက်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ စက်ရုံလမ်း၊ ဗညားဒလလမ်း၊ ကျိုက္ကဆံလမ်း၊ ပင်ရွှေညောင်လမ်း၊ လေးထောင့်ကန်လမ်းမှ ဝေဇယန္တာလမ်းအတိုင်းလည်းကောင်း၊ ၂၁ ကီလိုမီတာ 

(တစ်ဝက်မာရသွန်)ပြိုင်ပွဲအား အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)မှ   တာထွက်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ မဟာဗန္ဓုလလမ်း၊ စန္ဒကူးလမ်း၊ ကမ်းနားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဦးထောင်ဘိုလမ်း၊ ကန်ရိပ်သာလမ်း၊ ဗညားဒလလမ်း၊ ကျိုက္ကဆံလမ်း၊ ပင်ရွှေညောင်လမ်း၊ လေးထောင့်ကန်လမ်း၊ ၎င်းမှဝေဇယန္တာလမ်းအတိုင်းအားလည်းကောင်း      ပြေးလမ်းကြောင်း အသီးသီး သတ်မှတ်ပြေးခဲ့ကြသည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ တစ်ဝက်မာရသွန် ၂၁ ကီလိုမီတာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဦးဆုံးပန်းဝင်သည့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အတွက် ပထမဆုငွေကျပ်သိန်း ၃၀၊ ဒုတိယဆုငွေကျပ်သိန်း ၂၀၊ တတိယဆုငွေကျပ် ၁၅ သိန်း၊ စတုတ္ထမှဒသမအထိ တစ်ဦးလျှင်ငွေကျပ်ငါးသိန်းစီတို့အားလည်းကောင်း၊ စိန်ခေါ်ပြေးပွဲ ၁၀ ကီလိုမီတာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဦးဆုံးပန်းဝင်သည့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အတွက် ပထမဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုငွေကျပ် ၁၀ သိန်း၊   တတိယဆုငွေကျပ် ၅ သိန်း၊ စတုတ္ထမှဒသမအထိ တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းစီတို့နှင့် မည်သည့်ပြိုင်ပွဲအမျိုးအစားမဆို သတ်မှတ်ချိန် အတွင်းပန်းဝင်သူတို့အတွက် ဆုတံဆိပ်တစ်ခုစီတို့အား တာဝန်ရှိသူတို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

အဆိုပါ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူ အများဆုံးအပြေးပြိုင်ပွဲကြီး ဖြစ်ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများအတူတကွ စုပေါင်းပါဝင်ကြသည့် အကြီးမားဆုံးသော အားကစားပွဲတစ်ခုလည်းဖြစ်သည်။ 

ပြည်သူလူထုအား  ကိုယ်လက်လှုပ်ရှားအားကစားပိုမိုလုပ်ဆောင်လာစေရန်၊ ကျန်းမာရေးအသိပညာပိုမိုကြွယ်ဝလာစေရန်၊ ပြည်ပမှ အားကစား သမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့်လူထုအကျိုးပြု ပရဟိတလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်ပွဲစဉ်များတွင် အပြည့်မာရသွန် ၄၂ ကီလိုမီတာ  ထည့်သွင်းကျင်းပခဲ့သော်လည်း ယခုနှစ်တွင် တစ်ဝက်မာရသွန် ၂၁ ကီလိုမီတာ၊ စိန်ခေါ်ပြေးပွဲ ၁၀ ကီလိုမီတာနှင့် ၅ ကီလိုမီတာ အပျော်တမ်းပြေးပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား သုံးမျိုးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝန်းရံခ

MWD