အစာခြေလမ်းကြောင်းစနစ်ကျန်းမာရေးပြဿနာကို အူမကြီးရောင်ရမ်းမှုရောဂါနှင့် အမှတ်မှားနိုင်

News Image

  • အစာခြေလမ်းကြောင်းစနစ်ကျန်းမာရေးပြဿနာကို အူမကြီးရောင်ရမ်းမှုရောဂါနှင့် အမှတ်မှားနိုင်

လန်ဒန် ဖေဖော်ဝါရီ ၂၃

SIBO ခေါ် အစာခြေလမ်းကြောင်းစနစ်ကျန်းမာရေးပြဿနာတစ်မျိုးကို Irritable Bowel Syn-drom- IBS ခေါ် အူမကြီးရောင်ရမ်းမှုရောဂါနှင့် အမှတ်မှားနိုင်ကြောင်း ဗြိတိန်သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဖေဖော်ဝါရီ ၂၂ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

SIBO အစာခြေလမ်းကြောင်း စနစ်ပြဿနာကို IBS ပြဿနာအဖြစ် အမှတ်မှားခဲ့ပါက ဗီတာမင်ချို့တဲ့မှုပြဿနာများ၊ ကျောက်ကပ်ပြဿနာများပေါ်ထွက်လာနိုင်ပြီး ကင်ဆာရောဂါများဖြစ်နိုင်ခြေပင် မြင့်တက်လာနိုင်ကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားသည်။

SIBO ပြဿနာသည် အူသိမ်လမ်းကြောင်းအတွင်း ဘက်တီးရီးယားများလျင်မြန်စွာပုံတူပွားချိန်တွင် ဖြစ်ပွားတတ်သည့် အစာခြေလမ်းကြောင်းစနစ် ပြဿနာဖြစ်ကြောင်း သိရသည်။

သို့ရာတွင် SIBO ရောဂါလက္ခဏာများမှာ IBS ရောဂါလက္ခဏာများနှင့် ဆင်တူယိုးမှားဖြစ်ကြရာ SIBO ကို IBS အဖြစ် အမှတ်မှားတတ်ပြီး ထိရောက်သည့်ကုသမှုများမပြုလုပ်မှုကြောင့် ဗီတာမင် ချို့တဲ့မှုပြဿနာ၊ ကျောက်ကပ်ပြဿနာများပေါ်လာနိုင်ကြောင်း ဗြိတိန်သုတေသနပညာရှင် များက ပြောကြားသည်။

SIBO အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးပြဿနာကို ဓာတ်စာပြောင်းလဲမှုနှင့် ပဋိဇီဝဆေးများအသုံးပြု၍ ကုသရန်လိုကြောင်း သိရသည်။

ရတနာပုံ

Photo: Johns Hopkins Medicine