ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ စတင်ဖြေဆို

News Image

  • ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ စတင်ဖြေဆို

ကျောက်ဆည် ‌ဖေဖော်ဝါရီ-၂၃

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သက်ဆိုင်ရာ စာစစ် ဌာန၊ အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း စာမေးပွဲများကို ဖော်ဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီမှ စတင် ဖြေဆိုလျက်ရှိကြောင်း  သိရသည်။ 

Grade-5 စာမေးပွဲများကို စာစစ်ဌာန ၆၆ ခု၊ Grade-9 စာမေးပွဲများကို စာစစ်ဌာန ၁၁ ခု ဖွင့်လှစ် ဆောင်ရွက် ထားရှိပြီး Grade-5 စာမေးပွဲ၌ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၅၁၄၁ ဦး၊ ကိုယ်ပိုင်ကျောင်း များမှ ၄၁၉ ဦး၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများမှ ၂၅၄ ဦး တို့ဝင်ရောက်ဖြေဆိုခဲ့ပြီး Grade-9 စာမေးပွဲ၌ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၈၈၂ ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ၇၂ ဦး၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများမှ ၁၆ ဦးနှင့် ပြင်ပဖြေဆိုသူ ၁ ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း ၁၃၀ ကျောင်း၊  အခြေခံပညာမူလတန်း(လွန်) ကျောင်း ၂၅ ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း ၂၅ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၂ ကျောင်း၊အခြေခံပညာအထက်တန်း(ခွဲ)ကျောင်း ၉ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း ၁၁ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၈ ကျောင်းရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)