ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့်(Grade-5)နှင့် အခြေခံပညာ အလယ်တန်းအဆင့်(Grade-9) နှစ်ဆုံးစာမေးပွဲ ပထမနေ့ဖြေဆို
ဟိုပုံး ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့်အခြေခံပညာအလယ်တန်းအဆင့်(Grade-9) နှစ်ဆုံးစာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစတင်ကာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများဖြေဆိုလျက်ရှိသည်။
အခြေခံပညာမူလတန်းအဆင့် (Grade-5)နှစ်ဆုံးစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်တွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၃၃၉၁ ဦး၊ ဖြေဆို ကျောင်းသား၊ ကျောင်းသူ၃၃၄၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ၇၆ ရာခိုင်နှုန်းရှိပြီး အခြေခံပညာအလယ်တန်းအဆင့် (Grade-9)စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၁၇ ဦး၊ ဖြေဆို ကျောင်းသား၊ ကျောင်းသူ ၁၁၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒသမ ၇၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
အဆိုပါ အစိုးရစစ်နှစ်ဆုံးစာမေးပွဲကိုဖေဖော်ဝါရီလ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များအား စာမေးပွဲရက်ကာလအတွင်း နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
MWD
