မြေပြင်၊ ရေပြင်၊ ဝေဟင်တို့မှပစ်ခတ်နိုင်မယ့် အသံနှုန်းလွန် ဒုံးကျည်အသစ်ကို အမေရိကန်မိတ်ဆက်

News Image

  • မြေပြင်၊ ရေပြင်၊ ဝေဟင်တို့မှပစ်ခတ်နိုင်မယ့် အသံနှုန်းလွန် ဒုံးကျည်အသစ်ကို အမေရိကန်မိတ်ဆက်

အမေရိကန်နိုင်ငံအခြေစိုက် Ursa Major ကုမ္ပဏီက မြေပြင်၊ ရေပြင်နဲ့ဝေဟင်တွေကနေပစ်ခတ်နိုင်တဲ့  HAVOC  အမည်ရှိ အသံနှုန်းလွန်ဒုံးကျည်စနစ်အသစ်တစ်ခုကို မကြာသေးမီက မိတ်ဆက်လိုက်ပါတယ်။ 

အဲဒီဒုံးကျည်စနစ်ဟာ တိုက်ပွဲဝင်ဖို့တင်မဟုတ်ဘဲ လေ့ကျင့်ရေးပိုင်းမှာပါ အသုံးပြုနိုင်တဲ့နှစ်မျိုးသုံးစနစ်ဖြစ်ပြီး အခြားဒုံးကျည်တွေထက် ကုန်ကျစရိတ်အဆပေါင်းများစွာ သက်သာအောင် ဖန်တီးထားတာပါ။ 

ကုမ္ပဏီအနေနဲ့ ဒီစနစ်ကိုအရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်မှာမဟုတ်ဘဲ အရေအတွက်အမြောက်အမြားနဲ့ အမြန်ဆုံး ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ HAVOC ဒုံးကျည်ရဲ့ ထူးခြားချက်ကတော့ ပျံသန်းနေစဉ်အဆင့်တိုင်းမှာ အရှိန်နှုန်းကို စိတ်ကြိုက်ထိန်းချုပ်နိုင်တာကြောင့် သမားရိုးကျ ဒုံးကျည်တွေထက်ပိုပြီးတော့ လှုပ်ရှားနိုင်စွမ်းနဲ့စစ်ကစားနိုင်စွမ်းရှိပါတယ်။

ဒါ့အပြင် လေထုအတွင်းမှာသာမကလေထုအပြင်ဘက်မှာပါ မိုင်ပေါင်းရာချီတဲ့အထိပစ်ခတ်နိုင်ပြီး အပူဒဏ်ခံစနစ်တွေ သီးသန့်မလိုတော့တဲ့အတွက် ထုတ်လုပ်မှုအပိုင်းမှာ ပိုပြီးမြန်ဆန်လွယ်ကူ သွားမှာဖြစ်ပါတယ်။ ဒီဒုံးကျည်ကိုဖန်တီး ထုတ်လုပ်ရခြင်းက စစ်သည်တွေအနေနဲ့ လိုအပ်ချက်ရှိနေတဲ့အရာကို ဖြည့်ဆည်းပေးနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

MWD