ကာကွယ်ရေးသဘောတူစာချုပ်များအပေါ် အခြေခံ၍ ပင်လယ်ကွေ့နိုင်ငံများအား ကာကွယ်ရေးတွင်ပါဝင်ကူညီရန် ပြင်သစ်အသင့်ရှိဟုဆို

News Image

  • ကာကွယ်ရေးသဘောတူစာချုပ်များအပေါ် အခြေခံ၍ ပင်လယ်ကွေ့နိုင်ငံများအား ကာကွယ်ရေးတွင်ပါဝင်ကူညီရန် ပြင်သစ်အသင့်ရှိဟုဆို

ပြင်သစ်နိုင်ငံက ပင်လယ်ကွေ့နိုင်ငံများနှင့် ဂျော်ဒန်နိုင်ငံတို့နှင့် ချုပ်ဆိုထားသည့် ကာကွယ်ရေး    သဘောတူစာချုပ်များအပေါ် အခြေခံ၍    ယင်းနိုင်ငံများအား ကာကွယ်ရေးတွင် ပါဝင်ကူညီရန် အသင့်ရှိကြောင်း   ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယင်းနိုအယ်ဘာရော့က မတ်လ ၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် အီရန်အရေးနှင့် စပ်လျဉ်း၍ တစ်ဖက်သတ် မလုပ်ဆောင်မီ     ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌   ဦးစွာဆွေးနွေး တိုင်ပင်သင့်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာ၌     ဘာရော့ကထည့်သွင်းပြောကြားပြီး  အီရန်အပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများကို အဆုံးသတ်ရန် ၎င်းကတိုက်တွန်းထားသည်။ 

ထို့ပြင် တိကျသောရည်မှန်းချက်မရှိဘဲ စစ်ဆင်ရေးများကို    အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်နေခြင်းသည် အီရန်နှင့်     ဒေသတွင်းနိုင်ငံများအား ရေရှည် မတည်ငြိမ်မှုများအတွင်းသို့    ဆွဲသွင်းသွားနိုင်သည့် အန္တရာယ်ရှိကြောင်း ၎င်းကသတိပေးခဲ့ကြောင်း သိရသည်။

Ref: Xinhua

MWD