ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိသျှလေတပ်အခြေစိုက်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

News Image

  • ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိသျှလေတပ်အခြေစိုက်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိသျှလေတပ် အခြေစိုက်စခန်းတစ်ခုတွင်     ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ပျက်စီးမှု အနည်းငယ်ရှိသော်လည်း   လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဆိုက်ပရပ်စ်နှင့် ဗြိတိန်တာဝန်ရှိသူများက မတ်လ ၂ ရက်တွင်ပြောကြားသည်။

ဒရုန်းတိုက်ခိုက်မှုသည် ဗြိတိသျှတော်ဝင်လေတပ်၏ အက်ခရိုတီရီစစ် အခြေစိုက်စခန်းတွင် မတ်လ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။     ထို့ပြင် စစ်အခြေစိုက်စခန်းသို့ ဦးတည်လာသည့် ဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဆိုက်ပရပ်စ်အစိုးရအဖွဲ့မှ   ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက လူမှုကွန်ရက်တွင်   ဖော်ပြထားသည်။ 

မတ်လ ၁ ရက် ညပိုင်းက ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း စစ်အခြေစိုက်စခန်း၏ လေယာဉ်ပြေးလမ်းကို   ထိမှန်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုသည် ကမ္ဘာလှည့်ခရီးသွားများ   အပန်းဖြေရာနေရာတစ်ခုဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီပေါင်းထောင်ချီအခြေစိုက်ရာ မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဆိုက်ပရပ်စ်နိုင်ငံကို     တုန်လှုပ်သွားစေခဲ့ကြောင်း သိရသည်။

အဆိုပါအက်ခရိုတီရီ    စစ်အခြေစိုက်စခန်းသည်    ယခင်က အီရတ်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့အတွင်း၌ စစ်ဆင်ရေးများ လုပ်ဆောင်စဉ် အသုံးပြုခဲ့သော စစ်အခြေစိုက်စခန်းဖြစ်ပြီး  ၁၉၈၆ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် လစ်ဗျားလက်နက်ကိုင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးကြောင်း သိရသည်။

Ref: ST

MWD