ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန်စစ်သင်္ဘောကို အမေရိကန်ရေငုပ်သင်္ဘောက ပစ်ခတ်နှစ်မြှုပ် အနည်းဆုံးလူ ၈၀ ဦးခန့်သေဆုံး

News Image

  • ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန်စစ်သင်္ဘောကို အမေရိကန်ရေငုပ်သင်္ဘောက ပစ်ခတ်နှစ်မြှုပ် အနည်းဆုံးလူ ၈၀ ဦးခန့်သေဆုံး

အမေရိကန် ရေငုပ်သင်္ဘောတစ်စင်းသည် နိုင်ငံတကာရေပိုင်နက်အတွင်းရှိ    အီရန်စစ်သင်္ဘောတစ်စင်းကို   ပစ်ခတ်နှစ်မြှုပ်ပစ် လိုက်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးပိဟက်ဆက်က မတ်လ ၄  ရက်တွင် ပြောကြားသည်။

အမေရိကန်  ရေငုပ်သင်္ဘောသည် နိုင်ငံတကာ  ရေပိုင်နက်အတွင်း၌ ဘေးကင်းလုံခြုံလျက်ရှိသည်ဟုထင်မှတ်နေသည့်   အီရန်ဖရီးဂိတ်စစ်သင်္ဘောIRIS Dena အား မတ်လ ၂  ရက်တွင် တော်ပီဒိုဖြင့်    ပစ်ခတ်တိုက်ခိုက်၍ နှစ်မြှုပ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဟက်ဆက်က ပင်တဂွန်စစ်ဌာနချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုဖြစ်ပွားသည့် တိုက်ခိုက်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်က ပထမဆုံးအကြိမ်အဖြစ် ရန်သူ့သင်္ဘောတစ်စင်းကို တော်ပီဒိုဖြင့် တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ   အီရန်စစ်သင်္ဘောသည် သီရိလင်္ကာနိုင်ငံတောင်ဘက်ကမ်းလွန်ရှိ အိန္ဒိယသမုဒ္ဒရာအတွင်း၌ အမေရိကန်ရေငုပ်သင်္ဘော၏ တိုက်ခိုက်မှုကိုခံခဲ့ရခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဖရီးဂိတ်စစ် သင်္ဘော IRIS Dena ပေါ်ရှိ လူအနည်းဆုံး ၈၀ ဦးခန့် သေဆုံးခဲ့ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အာရွန်ဟီမာချန်ဒရာက  ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ  အီရန်စစ်သင်္ဘောသည် ဘင်္ဂလားပင်လယ်အော်တွင် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

Ref: Xinhua

MWD