နီပေါနိုင်ငံရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်လာရောက်မဲပေး

News Image

  • နီပေါနိုင်ငံရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်လာရောက်မဲပေး

ခတ္တမန္ဒူ၊  နိုင်ငံရေး

နီပေါနိုင်ငံ၌  မတ်လ ၅ ရက်တွင် ကျင်းပခဲ့သောရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်   လာရောက်မဲပေးခဲ့ကြကြောင်းရွေးကောက်ပွဲကော်မတီ၏   အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူ ၁၈၉၀၃၆၈၉ ဦးရှိပြီး  အောက်လွှတ်တော်ရှိ အမတ်နေရာ ၂၇၅ နေရာအတွက် ပါတီစုံနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၅၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ယခုကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ပြီးခဲ့သည့်စက်တင်ဘာလက  ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ပြီးဆုံးပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်လာခဲ့သည်။ 

ရွေးကောက်ပွဲတွင်      တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် မဲဆန္ဒနယ် ၁၆၅ ခု၏ရလဒ်များကို နှစ်ရက်အတွင်း ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကပြောကြားထားကြောင်း သိရသည်။

 Ref: Xinhua, RT

MWD