မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးလျက်ရှိ
ရန်ကုန် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင် မိခင်များနှင့် မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို မတ်လ ၈ ရက်က မြောက်ဥက္ကလာပမြို့နယ် ကျန်းမာ ရေးဦးစီးဌာနနှင့် သတ်မှတ်စုရပ်နေရာများ၌ ဆောင်ရွက်သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေး ဌာနမှ ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကိုယ်၀န်ဆောင်များနှင့် မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ၀က်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး မြို့နယ်အနေ ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သတ်မှတ်စုရပ်နေရာများ၌ ဆက် လက်ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
MWD
