အမြို့မြို့အနယ်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး စာဖြေဌာနများ ပြင်ဆင်ထားရှိမှုစစ်ဆေး

News Image

  • အမြို့မြို့အနယ်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး စာဖြေဌာနများ ပြင်ဆင်ထားရှိမှုစစ်ဆေး

မန္တလေး

      မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် မတ်လ  ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်  အောင်နန်းရိပ်သာအရှေ့ရပ်ကွက် လမ်း ၈၀၊  ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၈ လမ်း၊ ၂၈ လမ်းထောင့်ရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ  ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာဖြေဌာန‌များအား ကြည့်ရှုစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများသည်  စာဖြေဌာနရှိ စာဖြေခန်းများအား  လိုက်လံကြည့်ရှုစစ်ဆေးရာတွင်မန္တလေးတိုင်းဒေသကြီး   ပညာရေးမှူးဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ မဟာအောင်မြေခရိုင် ပညာရေးမှူး ဒေါက်တာသက်လှစု၊ ချမ်းအေးသာစံမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရိန်စိုးနှင့်တာဝန်ရှိသူများက အသီးသီးလိုက်လံ ရှင်းလင်းပြသကြောင်းနှင့် လိုအပ်သည်များအား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။ 

MWD