လီဗာပူးအသင်းက ရာသီအကုန်တွင် နည်းပြသစ်အဖြစ် အလွန်ဆိုအား သုံးနှစ်စာချုပ်ဖြင့်ခန့်အပ်ရန် သဘောတူညီမှုရရှိထား
လန်ဒန် မတ် ၁၀
လီဗာပူးအသင်းက ယခုဘောလုံးရာသီအကုန်တွင် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် စီစဉ်ထားပြီး နည်းပြသစ်အဖြစ် ကစားသမားဟောင်းတစ်ဦးဖြစ် သည့် အလွန်ဆိုအား သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။
လက်ရှိလီဗာပူးအသင်းနည်းပြ အာနီဆလော့ သည် ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းကို စတင် တာဝန်ယူကိုင်တွယ်ခဲ့ရာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်သည်အထိ အောင်မြင်မှုရရှိခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရလဒ်များမတည် မငြိမ်ဖြစ်နေသည့်အတွက် အသင်းတာဝန်ရှိသူများက ရာသီအကုန်တွင် နည်းပြအပြောင်းအလဲလုပ်ဆောင် ရန် စီစဉ်ထားခြင်းဖြစ်သည်။
လီဗာပူးအသင်းသည် ယခုဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၁၆) သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် ရုန်းကန်နေရပြီး ၂၉ ပွဲကစားပြီးချိန်တွင် ရမှတ် ၄၈ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၆)နေရာ၌သာ ရပ်တည်နေကာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရန်လည်း မရေမရာဖြစ်နေခြင်းဖြစ်သည်။
အသက် ၄၄ နှစ်အရွယ် နည်းပြအလွန်ဆိုသည် ကစားသမားဘဝက လီဗာပူးအသင်း၌ ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိကစားခဲ့သူဖြစ်ပြီး နည်းပြဘဝတွင် လေဗာကူဆင်အသင်းနှင့် အောင်မြင်မှုများရရှိခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာ ရာသီမကုန်မီထုတ်ပယ်ခံခဲ့ရပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေကြောင်း သိရသည်။
Ref;Goal.com
MWD
