အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် ဒုတိယမြောက် လူတစ်ဦး ထပ်မံသေဆုံး
အစ္စရေးနိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ တနင်္လာနေ့ (မတ် ၉) က အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်သော ပဲ့ထိန်း ဒုံးကျည် (Ballistic Missile) တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် ဒုတိယ မြောက် လူတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပဲ့ထိန်းဒုံးကျည်မှာ အပိုင်းအစများစွာ ကွဲထွက်စေသည့် (Cluster Munition) ထိပ်ဖူးတပ်ဆင်ထားခြင်းဖြစ်ပြီး တဲလ်အဗစ်မြို့၏ တောင်ဘက် ရှိ နေရာအချို့ကို တစ်ပြိုင်နက်တည်း ထိမှန်ခဲ့ခြင်းဖြစ်သည်။
ထိခိုက်သူတစ်ဦးမှာ ယေဟုဒ် (Yehud) မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အခင်းဖြစ်ပွားရာနေရာတွင်ပင်သေဆုံးခဲ့ပြီး အရေးပေါ် အခြေအနေ ဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေသည့် အခြားသူတစ်ဦးမှာလည်း ဒဏ်ရာများပြင်းထန်သဖြင့် ဆေးရုံတွင်ပင် သေဆုံးသွားခဲ့ကြောင်း ZAKA အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။ ယခု ဖြစ်စဉ်အပါအဝင် အီရန်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း ၁၂ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
ကိုးကား- CNN
Photo: The Times of Israel
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
