ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း၌ အာဟာရရေခဲမုန့် များ ဒါနကုသိုလ်ပြု
ကျောက်ဆည် မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မတ်လ ၃ ရက် နေ့မှ ၁၇ ရက်နေ့အထိ နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက အာဟာရကုသိုလ်အလှူရှင် ဦးမင်းမင်း (ရွှေကန်ချီ ဆောက်လုပ်ရေးကုမ္ပဏီ) မှ ရေခဲမုန့်များဖြင့် ဒါနကုသိုလ်ပြု ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါပန်းချီသင်တန်း၌ ပန်းချီဆရာ ဦးစိုးမြင့်ဒွဏ်း၊ ပန်းချီညို(ကျောက်ဆည်)နှင့် ကာတွန်း(ဒိန်းဂျား)တို့မှ ကျောင်းသား/ကျောင်းသူများကို မြန်မာမှုအနုပညာများဖြစ်သည့် ပန်း ၁၀ မျိုးအကြောင်း သိရှိစေရန်နှင့် မိမိတို့ စိတ်ကူးပုံဖော်လိုသည့် အကြောင်းအရာများကို ဖော်ထုတ်ရေးဆွဲတတ်စေရန်အတွက် နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချစေရန် အခြေခံပန်းချီပညာများဖြစ်သည့် မျဉ်းကွေး၊ မျဉ်းမတ်၊ မျဉ်းစောင်း၊ စက်ဝိုင်းများ၏ သဘောတရားများနှင့် အရောင်အနု/အနုအရင့် ရေးချယ်ခြင်းများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပန်းချီသင်တန်းသို့ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို မတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

,