အီရန်နိုင်ငံတွင် ဖြစ်ပွားနေသောစစ်ပွဲအတွင်း အရပ်ဘက်အဆောက်အအုံ ၅၄,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း အီရန်မီဒီယာများ ဖော်ပြ

News Image

  • အီရန်နိုင်ငံတွင် ဖြစ်ပွားနေသောစစ်ပွဲအတွင်း အရပ်ဘက်အဆောက်အအုံ ၅၄,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း အီရန်မီဒီယာများ ဖော်ပြ

စစ်ပွဲစတင်ချိန်မှစ၍ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကြောင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံ ရာနှင့်ချီ အပါအဝင် အရပ်ဘက်သုံး အဆောက်အအုံပေါင်း ၅၄,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း အီရန်သတင်းဌာန Tasnim က မတ်လ ၁၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။

Tasnim ၏ အဆိုအရ ပြည်နယ်အများအပြားတွင် နေအိမ်အဆောက်အအုံ ၂၉,၁၄၆ လုံးနှင့် နိုင်ငံတစ်ဝန်းတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံ ၆,၈၅၁ လုံး ပျက်စီးခဲ့ရသည်။ ထို့ပြင် တီဟီရန်ပြည်နယ် တစ်ခုတည်းတွင်ပင် နေအိမ်နှင့်  စီးပွားရေးဆိုင်ရာ အဆောက်အအုံ ၁၈,၁၈၀ လုံး ပျက်စီး ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါသတင်းဌာနက ဆေးရုံများ၊ ဆေးကုသမှုစင်တာများ၊ အရေးပေါ်ဌာနများနှင့် ဆေးဆိုင်များအပါအဝင် ဆေးဘက်ဆိုင်ရာ၊ ကျန်းမာရေး၊ အရေးပေါ်နှင့် ဆေးဝါးဆိုင်ရာ အဆောက်အအုံ ၂၃၆ လုံး ပျက်စီးခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် ယင်းတိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဝန်ထမ်း ၁၆ ဦး သေဆုံးခဲ့ပြီး ၉၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Tasnim က သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကား- CNN

Photo: BBC

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂