၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲများ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၆၂၄ ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် လာရောက်ဖြေဆိုသူ ၃၃၆၄ ဦးရှိ
နေပြည်တော် မတ် ၁၇
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ကျင်းပသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန၁၆ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၇၁ ခု စာစစ်ဌာနစုစုပေါင်း ၈၈၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၆၈၇၅၃ ဦးရှိပြီး စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၆၂၄ ဦး၊ ပျက်ကွက် ၁၄၁၂၉ ဦးရှိကာ ဖြေဆိုသူ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းရှိသည်။
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန စုစုပေါင်း ၅၃ ခုဖွင့်လှစ်ဖြေဆိုခဲ့ရာ စက်မှုအတတ်ပညာဘာသာတွဲ၊ စိုက်ပျိုးရေးအတတ်ပညာ ဘာသာတွဲနှင့် မွေးမြူရေးအတတ်ပညာဘာသာတွဲများ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေစုစုပေါင်း ၃၃၈၆ ဦးရှိပြီး စာမေးပွဲ ဆဋ္ဌမနေ့တွင် စက်မှုကျောင်းသား၊ ကျောင်းသူများက လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံး လျှပ်စစ်မော်တာထိန်းချုပ်မှု၊ စက်ခုတ်စားမှုနည်းပညာ ဘာသာရပ်များ၊ စိုက်ပျိုးရေး ကျောင်းသား၊ ကျောင်းသူများက လူမှုရေးသိပ္ပံဘာသာရပ်နှင့် မွေးမြူရေး ကျောင်းသား၊ ကျောင်းသူများက စားမြုံ့ပြန်သတ္တဝါ မွေးမြူထုတ်လုပ်ရေး ဘာသာရပ်တို့ကိုဖြေဆိုကြကာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၃၆၄ ဦး၊ ပျက်ကွက် ၂၂ ဦးရှိပြီး ဖြေဆိုသူ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
MWD
