တောင်ကြီးမြို့၌ အားကစားနည်းအလိုက် နည်းပြ/ဒိုင်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲကျင်းပ

News Image

  • တောင်ကြီးမြို့၌ အားကစားနည်းအလိုက် နည်းပြ/ဒိုင်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲကျင်းပ

တောင်ကြီး   မတ်   ၁၇

    ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားရုံ၌မတ်လ ၁၇ ရက် နံနက်ပိုင်းတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်  အားကစားနည်းအလိုက် နည်းပြ/ဒိုင်သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကမိမိတို့မြို့နယ်/ ခရိုင်မှသည်  ပြည်နယ်နှင့်နိုင်ငံတော်က အားထားရသော  အဆင့်မီသည့် ဒိုင်လူကြီးကောင်းများ၊ နည်းပြကောင်းများဖြစ်အောင်ကြိုးစားကြရန်အမှာစကားပြောကြားပြီး  အားကစားနည်းအလိုက် နည်းပြ/ဒိုင်သင်တန်းအား   ဖွင့်လှစ်ပေးသည်။

ထို့နောက် နည်းပြ/ဒိုင်သင်တန်းသားများကအားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား လိုက်လံနှုတ်ဆက်သည်။

အဆိုပါသင်တန်းတွင် ဘော်လီဘော၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊မြန်မာ့သိုင်း၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ ပီတန်းနှင့်  အေရိုးဗစ်အားကစား နည်းများကို  သင်တန်းသား ၁၅၆  ဦး ၊ သင်တန်းသူ၈၇ ဦး စုစုပေါင်း ၂၄၃ ဦးအား မတ်လ ၁၇ ရက်မှ၂၁ ရက်အထိ    ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။       

MWD