၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ လာရောက်ဖြေဆိုသူ ၂၁၁၄ ဦးရှိ
နေပြည်တော် မတ် ၁၈
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့နံနက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်ကျင်းပသည်။
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန စုစုပေါင်း ၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စက်မှုအတတ်ပညာ ဘာသာတွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၁၃၄ ဦးရှိပြီး စာမေးပွဲ သတ္တမနေ့တွင် စက်မှုကျောင်းသား၊ ကျောင်းသူများက မြို့ပြပုံဆွဲ၊ အခြေခံပရိုဂရမ် မိတ်ဆက်နှင့် စက်မှုပုံဆွဲ ဘာသာရပ်များကို ဖြေဆိုကြကာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၁၁၄ ဦး၊ ပျက်ကွက် ၂၀ ဦးရှိပြီး ဖြေဆိုသူ ၉၉ ဒသမ ၀၆ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
MWD
MM-News-Category
