စက်ရုပ်တွေက လူ့ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကိုဖတ်ပြီး အမှားမဖြစ်ခင် ကြိုတင်တားဆီးပေးနိုင်

News Image

  • စက်ရုပ်တွေက လူ့ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကိုဖတ်ပြီး အမှားမဖြစ်ခင် ကြိုတင်တားဆီးပေးနိုင်

စက်ရုပ်တွေက လူ့ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကိုဖတ်ပြီးမမှားခင် ကြိုတင်သိရှိတားဆီးပေးနိုင်တဲ့ နည်းပညာအသစ်တစ်ခုကို အိုကလာဟိုးမား တက္ကသိုလ်မှ သုတေသီတွေက ဖော်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ စက်ရုပ်တွေအနေနဲ့ လူ့ဗီဇစိတ်အာရုံကို တိုက်ရိုက်နားလည်ပြီး တုံ့ပြန်နိုင်အောင် ဖန်တီးထားတာပါ။ ပုံမှန်အားဖြင့် စက်ရုပ်တွေဟာ တစ်ခုခုနဲ့ တိုက်မိမှ 

ဒါမှမဟုတ် အမှားဖြစ်သွားမှသာ သိတတ်ကြတာဖြစ်ပေမယ့် အခုစနစ်မှာတော့ ဦးနှောက်နဲ့ ကွန်ပျူတာချိတ်ဆက်တဲ့စနစ်ကို အသုံး

ပြုထားပါတယ်။

လူတစ်ယောက်ဟာ အမှားတစ်ခုခုကို မြင်လိုက်တာနဲ့ ဒါမှမဟုတ် အမှားဖြစ်တော့မယ်လို့ ခံစားလိုက်ရတာနဲ့ ဦးနှောက်ထဲမှာ ErrPs လို့ခေါ်တဲ့ လျှပ်စစ်လှိုင်းတွေ ချက်ချင်းထွက်ပေါ်လာတာပါ။ ဒီလှိုင်းတွေဟာ လူကမတုံ့ပြန်ခင်မှာတင် ဦးနှောက်ထဲမှာအရင်ဆုံး ဖြစ်ပေါ်တာဖြစ်လို့ သုတေသီတွေက အဲဒီအချက်ပြလှိုင်းတွေကိုဖမ်းယူပြီး စက်ရုပ်ဆီကိုပေးပို့ပါတယ်။ အဲဒီအခါစက်ရုပ်ဟာ အမှားမဖြစ်ခင်မှာတင် အရှိန်လျှော့တာ၊ ရပ်တန့်တာ၊ လူကို ပြန်ပြီးထိန်းချုပ်ခိုင်းတာတွေ လုပ်မှာဖြစ်ပါတယ်။               

Ref: IE

ကိုထက်

MWD