ခါးပတ်လည်အဆီစုခြင်းက နှလုံးပျက်စီးနိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်

News Image

  • ခါးပတ်လည်အဆီစုခြင်းက နှလုံးပျက်စီးနိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်

လူတစ်ယောက်က ကိုယ်အလေးချိန် ပုံမှန်ရှိနေရင်တောင် ဗိုက်ပူတာ ဒါမှမဟုတ် ခါးပတ်လည်မှာ အဆီစုနေခြင်းက နှလုံးပျက်စီး နိုင်ခြေကို ပိုမိုမြင့်မားစေတယ်လို့ အမေရိကန်နှလုံး‌ရောဂါဆိုင်ရာ အဖွဲ့အစည်းရဲ့ ၂၀၂၆ ခုနှစ် သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။ ခန္ဓာကိုယ်ထုထည်အညွှန်းကိန်း (BMI) ထက် ခါးအတိုင်းအတာ ပိုကြီးနေတာက နှလုံးကျန်းမာရေးအတွက် ပိုပြီးအန္တရာယ်ရှိနေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့တာပါ။

အဓိကအကြောင်းရင်းကတော့ ဝမ်းဗိုက်ထဲက အဆီတွေကြောင့် ခန္ဓာကိုယ်အနှံ့မှာ ရောင်ရမ်းမှုတွေဖြစ်လာပြီး အဲဒီရောင်ရမ်းမှုက နှလုံးကိုထိခိုက်စေတာဖြစ်ပါတယ်။

ဒီရောင်ရမ်းမှုဟာနှလုံးပျက်စီးနိုင်ခြေရဲ့ သုံးပုံတစ်ပုံလောက်အထိ သက်ရောက်မှု ရှိနေတယ်လို့ ဆိုပါတယ်။ အခုထွက်ပေါ်လာတဲ့   ဒီသုတေသနအရ သွေးထဲမှာရောင်ရမ်းမှု အညွှန်းကိန်း မြင့်မားတဲ့သူတွေဟာ နှလုံးရောဂါဖြစ်ဖို့ ပိုပြီးနီးစပ်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် ဆရာဝန်တွေအနေနဲ့ ကိုယ်အလေးချိန် တစ်ခုတည်းကိုပဲမကြည့်ဘဲ လူနာရဲ့ ခါးအတိုင်းအတာနဲ့ ရောင်ရမ်းမှု အခြေအနေကိုပါ စစ်ဆေးဖို့ အရေးကြီးလာတာပါ။ အခုလို ခါးပတ်လည်အဆီနဲ့ ရောင်ရမ်းမှုကို စောစောစီးစီးသိရှိပြီး ထိန်းချုပ်နိုင်မယ်ဆိုရင် နှလုံးရောဂါလက္ခဏာတွေ မပြခင်ကတည်းက ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။             

Ref: STD

ကိုထက်

MWD