ကျောက်ဆည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကျင်းပ

News Image

  • ကျောက်ဆည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံး ကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည်၊ မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးကျေးရွာ၊ မဟာ ရွှေသိမ်တော် မြတ်စွာဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံ၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ တို့တွင် အောင်မြင်တော် မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠ ဘွဲ့နှင်း သဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။  

အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့ ဖွင့်လှစ်ပြီး မဟန ဘဒ္ဒန္တဝါယမ အရှင်သူမြတ်ထံမှ ငါးပါး သီလခံယူဆောက်တည်ကာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင် က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီစာသင်တိုက် ပဓာန နာယက ဘဒ္ဒန္တပညာသာမိက(မဟာဂန္တဝါစကပဏ္ဍိတ)မှ စာအောင်ဆု ချီးမြှင့်မည့်အစီအစဉ်များကို ရှင်းလင်း မိန့်ကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက စာအောင် သံဃာတော်များအား စာအောင်လက်မှတ်များနှင့် စာအောင်ဆုများ ဆက်ကပ် ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ဩဝါဓာစရိယ ဘဒ္ဒန္တဇနိတာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချအမျှ‌ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ပြီးပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင်သံဃာတော် (၁၅၇) ပါးတို့အား ခရိုင်/ မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စက်ရုံ/ အလုပ်ရုံများမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်ပြည်သူများစုပေါင်း၍ ဆွမ်းဆန်စိမ်းများ၊ လှူဖွယ် ပစ္စည်းများနှင့်အတူ ဝတ္တုငွေများ လောင်းလှူ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)