ကူဝိတ်နိုင်ငံရှိ မီနာ အယ်လ်-အမာဒီ (Mina Al-Ahmadi) ရေနံချက်စက်ရုံ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရ
သောကြာနေ့ (မတ် ၂၀) နံနက်ပိုင်းတွင် ကူဝိတ်နိုင်ငံ၏ မီနာ အယ်လ်-အမာဒီ (Mina Al-Ahmadi) ရေနံချက်စက်ရုံကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ စက်ရုံအတွင်းရှိ ယူနစ်အချို့တွင် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း ကူဝိတ်ရေနံကော်ပိုရေးရှင်း (KPC) က ပြောကြားခဲ့သည်။မီးလောင်မှုကြောင့် "စက်ရုံ၏ အစိတ်အပိုင်းအချို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ထားခဲ့ရသည်" ဟု KPC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီးသတ်သမားများက မီးကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြကြောင်းလည်း ကုမ္ပဏီက ဆက်လက်ပြောကြားခဲ့သည်။
မြို့တော် ကူဝိတ်စီးတီး၏ တောင်ဘက် ၄၀ ကီလိုမီတာ (၂၅ မိုင်) ခန့် အကွာတွင် တည်ရှိသော မီနာ အယ်လ်-အမာဒီ ရေနံချက်စက်ရုံသည် ကြာသပတေးနေ့ (မတ် ၁၉) ကလည်း ဒရုန်းဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။
သောကြာနေ့ တိုက်ခိုက်မှုသည် ကူဝိတ်လက်နက်ကိုင်တပ်ဖွဲ့များက နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ဒုံးကျည်နှင့် ဒရုန်း ခြိမ်းခြောက်မှုများကို တုံ့ပြန်နေကြောင်း ပြောကြားပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ကိုးကား- CNN
Photo: Al Jazeera
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
