လီဗာပူးအသင်း နောက်ဆုံး ၁၀ ရာသီအတွင်း ပရီးမီးယားလိဂ်ရှုံးပွဲ အများဆုံးဘောလုံးရာသီ မှတ်တမ်းဆိုးကို ပြန်လည်ရရှိ

News Image

  • လီဗာပူးအသင်း နောက်ဆုံး ၁၀ ရာသီအတွင်း ပရီးမီးယားလိဂ်ရှုံးပွဲ အများဆုံးဘောလုံးရာသီ မှတ်တမ်းဆိုးကို ပြန်လည်ရရှိ

လန်ဒန်  မတ်   ၂၂

လီဗာပူးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃၁)အဖြစ် ကစားခဲ့သည့်    ဘရိုက်တန်အသင်းနှင့် ပွဲစဉ်တွင် ၂ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ဘောလုံးရာသီ  ၁၀ ရာသီအတွင်း    ရှုံးပွဲအများဆုံး ဘောလုံးရာသီမှတ်တမ်းဆိုးကို       ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

လီဗာပူးအသင်းသည်    ဘရိုက်တန်အသင်းနှင့် ပွဲစဉ်၌   ကာကက်က ပွဲချိန်   မိနစ် ၃၀ တွင် လီဗာပူး အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သော် လည်း ဘရိုက်တန်အသင်းမှ ဒန်နီဝဲလ်ဘတ်၏ပွဲချိန် ၁၅ မိနစ်နှင့် ပွဲချိန် ၅၆ မိနစ်တို့တွင် သွင်းယူခဲ့သည့် သွင်းဂိုးများဖြင့်    ရှုံးနိမ့်ပြီးနောက်    ယခုဘောလုံးရာသီတွင် ရှုံးပွဲ ၁၀ ပွဲအထိရှိလာပြီး နောက်ဆုံး ၁၀ ရာသီအတွင်း ရှုံးပွဲအများဆုံး ဘောလုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးအသင်းနည်းပြ     အာနီဆလော့သည် အသင်းကို ပြီးခဲ့သည့်ဘောလုံးရာသီက စတင်တာဝန် ယူကိုင်တွယ်ပြီးနောက်  ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့ကာ တစ်ရာသီစလုံးရှုံးပွဲ လေးပွဲသာရှိခဲ့ပြီး      ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သော် လည်း ယခုဘောလုံးရာသီ၌ ၃၁ ပွဲကစားပြီးချိန်တွင် ပင် ရှုံးပွဲ ၁၀ ပွဲအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် ၂၀၁၅-၂၀၁၆  ဘောလုံး ရာသီက   ရှုံးပွဲ ၁၀ ပွဲရှိခဲ့ပြီးနောက်ပိုင်း  ၁၀  ရာသီ အတွင်း  ပထမဆုံးအကြိမ်အဖြစ်  ရှုံးပွဲ ၁၀  ပွဲအထိရှိလာခြင်းဖြစ်သည်။

လီဗာပူးအသင်းသည်     နောက်ဆုံး  ၁၀   ရာသီ အတွင်း ရှုံးပွဲအများဆုံးဘောလုံးရာသီအဖြစ် ၂၀၂၁- ၂၀၂၂ ဘောလုံးရာသီနှင့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ တို့တွင် ရှုံးပွဲကိုးပွဲရှိခဲ့ခြင်းဖြစ်ပြီး ယခုဘောလုံးရာသီ တွင် ရာသီမကုန်ဆုံးမီ ရှုံးပွဲ ၁၀ ပွဲအထိ  ရှိလာခြင်း ဖြစ်သည်။

လီဗာပူးအသင်းသည်      ဘရိုက်တန်အသင်းကို ရှုံးနိမ့်ပြီးနောက်  ပရီးမီးယားလိဂ်ပြိုင်ပွဲ၌   ၃၁  ပွဲ ကစားပြီးချိန်တွင် ရမှတ် ၄၉ မှတ်သာရရှိထားသည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရန်  ရုန်းကန်ရမည့်အရေးနှင့် တွေ့ကြုံနေပြီး နည်းပြအာနီဆလော့၏ အနာဂတ်မှာလည်း  ပိုမိုမရေမရာ ဖြစ်လာခဲ့ကြောင်း သိရသည်။                

 Ref;Top Skills Sports UK

MWD