အစာရေစာဝါးမျိုနိုင်စွမ်းကို ပြန်လည် ရယူပေးနိုင်သည့် အစာပြွန်တု ဖန်တီးနိုင်ခဲ့

News Image

  • အစာရေစာဝါးမျိုနိုင်စွမ်းကို ပြန်လည် ရယူပေးနိုင်သည့် အစာပြွန်တု ဖန်တီးနိုင်ခဲ့

လန်ဒန် မတ် ၂၃

အစာရေစာ ဝါးမျိုနိုင်စွမ်းကို ပြန်လည်ရယူပေးနိုင်သည့် အစာပြွန်တုကို ဗြိတိန်သုတေသနပညာရှင်များက ဓာတ်ခွဲခန်းအတွင်း ဖန်တီးနိုင်ခဲ့သည်ဟု မတ် ၂၁ ရက် သတင်းများတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်ကောလိပ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အစားထိုးအစာပြွန်တုသည် မွေးရာပါအစာပြွန်လမ်းကြောင်း ပျက်စီးမှုပြဿနာနှင့် ရင်ဆိုင်နေရသည့်ကလေးများအတွက် ကျေးဇူးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဗြိတိန်သုတေသနပညာရှင်များသည် ဓာတ်ခွဲခန်းအတွင်း ဖန်တီးမွေးမြူထားသည့် အစားထိုးအစာပြွန်အစိတ်အပိုင်းကို အစာပြွန်ပျက်စီးနေသော တိရစ္ဆာန်များတွင် လက်တွေ့အစားထိုးကုသပေးခဲ့ရာ ၎င်းတိရစ္ဆာန်များမှာ အစာရေစာကို ပုံမှန်အတိုင်းပြန်လည် ဝါးမျိုနိုင်စွမ်းရှိလာကြောင်း သိရသည်။

ဗြိတိန် သုတေသနပညာရှင်များသည် အဆိုပါ အစားထိုးအစာပြွန်အစိတ်အပိုင်းကို တိရစ္ဆာန်များ၏ တစ်ရှူးများကိုသုံး၍ ဓာတ်ခွဲခန်းအတွင်း ဖန်တီးမွေးမြူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူသားများအနေဖြင့် လက်တွေ့စမ်းသပ်မှုများအောင်မြင်ခဲ့ပါက မိမိတို့၏ နည်းပညာသည် Long Gap Oesophageal Arresia ခေါ် မွေးရာပါ အစာပြွန်လမ်းကြောင်းပြဿနာတစ်မျိုးကိုကုသရာတွင် အထောက်အကူပေးနိုင်မည်ဖြစ်သည်ဟု ဗြိတိန်သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

ရတနာပုံ

Photo: BBC