ကျောက်ကပ်ကျောက်တည်တာကို ကာကွယ်ဖို့ ရေများများသောက်ရုံနဲ့ မလုံလောက်နိုင်

News Image

  • ကျောက်ကပ်ကျောက်တည်တာကို ကာကွယ်ဖို့ ရေများများသောက်ရုံနဲ့ မလုံလောက်နိုင်

ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ဖို့    ရေများများသောက်ရုံနဲ့ မလုံလောက်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။ ကျောက်ကပ်ကျောက်တည်တာဟာ သေးငယ်တဲ့ဓာတ်သတ္တု အနည်အနှစ်လေးတွေ ဖြစ်ပေမယ့် ခံစားရတဲ့ ဝေဒနာကတော့ အင်မတန်ပြင်းထန်ပြီး လူဦးရေ ၁၁ ယောက်မှာ တစ်ယောက်နှုန်းကခံစားနေရသလို ထက်ဝက်နီးပါးကလည်း နောက်တစ်ကြိမ်ပြန် ဖြစ်လေ့ရှိပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့ ဘလူးတုနဲ့ ချိတ်ဆက်ထားတဲ့ ရေပုလင်းတွေ၊ ရည်မှန်းချက် သတ်မှတ်ချက်တွေနဲ့ ကျန်းမာရေးဆိုင်ရာ တိုက်တွန်းချက်တွေ အသုံးပြုပြီး လူပေါင်း ၁၆၀၀ ကျော်ကို နှစ်နှစ်ကြာစမ်းသပ်ခဲ့တာပါ။ စမ်းသပ်မှုမှာ ပါဝင်သူများက ရေကိုပိုသောက်လာပေမယ့် ကျောက်ကပ်ကျောက်တည်မှု ပြန်ဖြစ်ပွားနှုန်းကိုတော့ သိသိသာသာလျော့ကျသွားအောင် မလုပ်နိုင်ပါဘူး။

ဒါဟာ လူတစ်ယောက်ချင်းစီရဲ့ အသက်အရွယ်၊ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ နေထိုင်မှုပုံစံအပေါ်မူတည်ပြီး      ရေလိုအပ်ချက် မတူညီတာကြောင့် ဖြစ်နိုင်သလို ရေပမာဏ အများအပြားကို အမြဲတမ်းမှန်မှန်သောက်ဖို့ ခက်ခဲတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ကျောက်တည်တာ ကာကွယ်ဖို့ဆိုရင် လူတစ်ဦးချင်းစီနဲ့ ကိုက်ညီမယ့် နည်းလမ်းအသစ်တွေကို ရှာဖွေဖို့ လိုအပ်နေပြီလို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။                        

Ref: IE

ကိုထက်

MWD