ဒရုန်းတွေကို ၇ စက္ကန့်အတွင်းဖျက်ဆီးနိုင်မယ့် အမေရိကန်ရဲ့ကုန်ကျစရိတ်သက်သာတဲ့ လေဆာလက်နက်အသစ်

News Image

  • ဒရုန်းတွေကို ၇ စက္ကန့်အတွင်းဖျက်ဆီးနိုင်မယ့် အမေရိကန်ရဲ့ကုန်ကျစရိတ်သက်သာတဲ့ လေဆာလက်နက်အသစ်

အမေရိကန်က ဒရုန်းတွေကို ၇ စက္ကန့်အတွင်းဖျက်ဆီးနိုင်မယ့် ကုန်ကျစရိတ်သက်သာတဲ့ လေဆာလက်နက်အသစ်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Aero Vironment ကုမ္ပဏီက LOCUST X3 လို့ခေါ်တဲ့ စွမ်းအင်မြင့်လေဆာလက်နက်ကို မိတ်ဆက်ခဲ့တာပါ။ ဒီလေဆာစနစ်က လက်ရှိစစ်မြေပြင်မှာ အသုံးများတဲ့ အသေခံ ဒရုန်းတွေကို အလင်းရဲ့အမြန်နှုန်းနဲ့ ပစ်ခတ် ဖျက်ဆီးနိုင်ပြီး    တစ်ကြိမ်ပစ်ခတ်ရင် ကုန်ကျစရိတ်က ၅ ဒေါ်လာအောက်ပဲရှိပါတယ်။

ပုံမှန်သုံးနေကျဖြစ်တဲ့ ဒုံးကျည်တွေဟာ တစ်ချက်ပစ်ရင် ဒေါ်လာသန်းနဲ့ချီ ကုန်ကျတတ်ပေမယ့် အခုလေဆာလက်နက်ကတော့ ဒရုန်းတစ်စင်းကို ၅ စက္ကန့်ကနေ ၇ စက္ကန့်အတွင်းမှာပင် အလွယ်တကူလောင်ကျွမ်းဖျက်ဆီးပစ်နိုင်တာပါ။ စစ်သည်တွေရဲ့ အကြံပြုချက်တွေအပေါ် အခြေခံထုတ်လုပ်ထားတဲ့ ဒီစနစ်ဟာ အရပ်ဘက်လေယာဉ်တွေကို မှားယွင်းမပစ်မိအောင်လည်း အလိုအလျောက် ဘေးကင်းလုံခြုံရေးစနစ်တွေ ထည့်သွင်းထားပါတယ်။

လက်ရှိမှာ ဒီလက်နက်ကို စစ်သုံးယာဉ်တွေပေါ်မှာ တပ်ဆင်အသုံးပြုနိုင်ဖို့ စမ်းသပ်နေပြီး အမေရိကန်စစ်ဘက်က ၂၀၂၆ ခုနှစ်စတုတ္ထသုံးလပတ်မှာ လေဆာလက်နက်စနစ်၂၄ ခုဝယ်ဖို့ စီစဉ်နေပါတယ်။

 Ref: IE

ကိုထက်

MWD