ထိုင်းနိုင်ငံ၌ စက်သုံးဆီအပေါ် ထောက်ပံ့ကြေးပေးမှုကို လျှော့ချမှုကြောင့် ဆီစျေးနှုန်းများ တိုးမြှင့်သတ်မှတ်

News Image

  • ထိုင်းနိုင်ငံ၌ စက်သုံးဆီအပေါ် ထောက်ပံ့ကြေးပေးမှုကို လျှော့ချမှုကြောင့် ဆီစျေးနှုန်းများ တိုးမြှင့်သတ်မှတ်

      ထိုင်းနိုင်ငံတွင် ကမ္ဘာ့ရေနံစျေးနှုန်းများ ဆက်တိုက်မြင့်တက်လာချိန်တွင် အစိုးရကစက်သုံးဆီအပေါ် ထောက်ပံ့ကြေးပေးမှုကို လျှော့ချလိုက်ခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများကို တိုးမြှင့်သတ်မှတ်လိုက်ရကြောင်းသိရသည်။ မတ်လ ၂၆ ရက်တွင် တိုးမြှင့်သတ်မှတ်မှုအရ ဒီဇယ်နှင့် ဓာတ်ဆီစျေးနှုန်းသည် တစ်လီတာလျှင် ၆ ဘတ်မြင့်တက်လာသည်။

ထိုင်းအစိုးရသည် ပြည်တွင်းစက်သုံးဆီစျေးနှုန်းကို အိမ်နီးချင်းနိုင်ငံများနှင့် ညီမျှစေရန် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စျေးနှုန်းနိမ့်ကျနေမှုကြောင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသန်းမှုနှင့် သိုလှောင်မှုဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။ 

စက်သုံးဆီရန်ပုံငွေအဖွဲ့သည် စက်သုံးဆီဈေးနှုန်းကို မတိုးမြှင့်စေရေးအတွက် တစ်ရက်လျှင် ဘတ် ၂ ဒသမ ၅ ဘီလီယံကို ထောက်ပံ့ကြေးပေးနေရသဖြင့် ရေရှည်အတွက် ငွေကြေးလည်ပတ်မှု အခက်အခဲရှိနိုင်သောကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောသည်။ ထို့ပြင် ကမ္ဘာ့စွမ်းအင်စျေးကွက်က မတည်မငြိမ်ဖြစ်နေစဉ် စက်သုံးဆီများကိုထိရောက်စွာအသုံးပြုရန်လည်း တာဝန်ရှိသူများက တိုက်တွန်းထားသည်။   ယခုလုပ်ဆောင်ချက်သည် စက်သုံးဆီစျေးနှုန်းကို ရေရှည်စီမံခန့်ခွဲနိုင်ရန် ဆောင်ရွက်မှုလည်းဖြစ်သည်။

MWD