ကျေးသီးမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲကျင်းပ

News Image

  • ကျေးသီးမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲကျင်းပ

ကျေးသီး  မတ် ၂၆

     ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့၌   (၈၁)နှစ်မြောက်  တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲကို မတ်လ  ၂၆ ရက်တွင်  ကျင်းပရာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊  မိုင်းရှူးခရိုင် အုပ်ချုပ်ရေးမှူးဦးမောင်မောင်လွင်နှင့်  ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးမှူး ဒေါ်ကြည်ကြည်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်  လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က အမှာစကားပြောကြားပြီး ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးမှူး ဒေါ်ကြည်ကြည်မြင့်က (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်   တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား  အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြောင်း သိရသည်။ 

MWD