အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရာနေရာများနှင့် ဝေးဝေးနေကြရန် ဒေသတွင်းရှိ အရပ်သားများကို IRGC က တိုက်တွန်းနှိုးဆော်ထားကြောင်း အီရန် မီဒီယာများတွင် ဖော်ပြ

News Image

  • အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရာနေရာများနှင့် ဝေးဝေးနေကြရန် ဒေသတွင်းရှိ အရပ်သားများကို IRGC က တိုက်တွန်း နှိုးဆော် ထားကြောင်း အီရန်မီဒီယာများတွင် ဖော်ပြ

အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများမှထွက်ခွာကြရန် ဒေသတွင်းရှိ အရပ်သားများကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က တိုက်တွန်းထားကြောင်း အစိုးရဖက်စပ်ပိုင် သတင်းဌာနဖြစ်သည့် Fars က သောကြာနေ့ (မတ် ၂၇) တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် "အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ကြိုးပမ်းနေကြသည်" ဟု Fars သတင်းဌာနက ဆိုသည်။ ထို့ပြင် "မိမိတို့အနေဖြင့် အမေရိကန်၏ အကြမ်းဖက်တပ်ဖွဲ့များကို ရှင်းလင်းဖယ်ရှားရန် တာဝန်ရှိသည်နှင့်အညီ သင်တို့ထံ ထိခိုက်နစ်နာမှု တစ်စုံတစ်ရာမရှိစေရန်အတွက် အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရာနေရာများမှ အရေးပေါ်ထွက်ခွာကြရန် အကြံပြုလိုသည်" ဟုလည်း ဖော်ပြထားသည်။

အမေရိကန်သည် ဘာရိန်း၊ ကာတာ၊ ကူဝိတ်၊ UAE နှင့် ဆော်ဒီ အာရေဗျနိုင်ငံတို့အပါအဝင် အရှေ့အလယ်ပိုင်းဒေသအနှံ့အပြားတွင် စစ်အခြေစိုက်စခန်းများ ထားရှိထားသည်။ ယခုစစ်ပွဲအတွင်း အီရန်သည် ပင်လယ်ကွေ့နိုင်ငံများကို အဓိကထားတိုက်ခိုက်ခဲ့ပြီး အချို့သောအခြေ အနေများတွင် ထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

ယခုလအစောပိုင်းတွင်လည်း အီရန်သည် ၎င်း၏ ကမ်းရိုးတန်းမှ မိုင်ပေါင်း ၂,၀၀၀ ကျော် (ကီလိုမီတာ ၃,၂၀၀ ခန့်) အကွာရှိ အမေရိကန်-ဗြိတိန် ပူးတွဲအခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။ ထိုလုပ်ရပ်ကြောင့် တီဟီရန်၏ စစ်ရေးစွမ်းဆောင်ရည်နှင့် ၎င်းတို့၏ ဒုံးကျည်များ မည်မျှအထိ ဝေးဝေးရောက်ရှိနိုင်သည် ဆိုသောအချက်အပေါ် မေးခွန်းများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂