ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ ငွေကျပ် သိန်း ၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ ငွေကျပ် သိန်း ၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ပင်လောင်း-နေပြည်တော်ကားလမ်း၊ မိုင်တိုင်အမှတ် ၇ မိုင် ၀ ဖာလုံအနီး၌ ပင်လောင်းမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနေ ခွန်ထွန်းချစ်(၂၀)နှစ် မောင်းနှင်ပြီး နဂါးပတ်ကျေးရွာနေ ခွန်ငြိမ်းချမ်း(၂၀)နှစ်နှင့် ပိန္နဲကုန်းကျေးရွာနေ ခွန်နေဝင်းထွန်း(၂၀)နှစ် လိုက်ပါလာသော SHN-18/ 4N-XXXX CROWN အမျိုးအစား မော်တော်ယာဉ်နှင့် လိန်းလီကျေးရွာနေ ကိုလင်း(၂၈)နှစ် မောင်းနှင်ပြီး ပိန္နဲကုန်းကျေးရွာနေ ခွန်မောင်(၂၂)နှစ် လိုက်ပါလာသော DREAM 125 အမျိုးအစား ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ ငါးဦး သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၈၀၀) အား ဖမ်းဆီးရမိသဖြင့် ကိုလင်း၊ ခွန်မောင်၊ ခွန်ထွန်းချစ်၊ ခွန်ငြိမ်းချမ်းနှင့် ခွန်နေဝင်းထွန်းတို့ ငါးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA