ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးနယ်စပ်မြို့တစ်မြို့နှင့် လက်ဘနွန် နိုင်ငံ အတွင်းရှိ အစ္စရေးစစ်သားများကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြား
ဟစ်ဇဘိုလာအဖွဲ့က သောကြာနေ့ (ဧပြီ ၁၀) နံနက်ပိုင်းတွင် လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်သားများကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အီရန်ကျောထောက် နောက်ခံပြု လက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် နံနက် ၆ နာရီ ခန့်တွင် ဝါတာ အယ်လ်-ခီယမ် (Wata Al-Khiam) ရှိ စစ်သည်များကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ရန်သူဘက်မှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနယ်စပ်ရှိ ကီယပ် ရှမိုနာ (Kiryat Shmona) အခြေစိုက်စခန်းကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇဘိုလာက ဆိုသည်။
အမေရိကန်နှင့် အီရန်တို့ကြား မရေရာသော အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ကတည်းက အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေပြီး တာဝန်ရှိသူများကမူ ၎င်းတို့၏ပဋိပက္ခသည်လည်း အပစ်ရပ်စဲရေးတွင် ပါဝင်လာစေရန် တိုက်တွန်းလျက်ရှိကြသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
