ဆန်းသစ်တဲ့ နည်းပညာကို လက်တွေ့မြင်ရမယ့် တရုတ်နိုင်ငံရဲ့ ရေပေါ်ဒုံးလွှတ်စင်
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်မှာ အသုံးပြုဖို့အတွက် ရေပေါ်ဒုံးလွှတ်စင်တစ်ခုကို စမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အာကာသစွမ်းရည်ကို ပင်လယ်ပြင်အထိ တိုးချဲ့လာတာဖြစ်ပြီး မဟာဗျူဟာအရလည်း အရေးပါသလို ဆန်းသစ်တဲ့ နည်းပညာတစ်ခုကို လက်တွေ့မြင်ရမယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။
အခုစမ်းသပ်မယ့် ဒုံးလွှတ်စင်ဟာ ရွေ့လျားနိုင်တဲ့ ရေပေါ်ပလက်ဖောင်းအမျိုးအစားဖြစ်ပြီး Jielong-3 လို ဒုံးပျံတွေကို လွှတ်တင်ဖို့ ရည်ရွယ်ထားတာပါ။ ပင်လယ်ပြင်ကနေ ဒုံးပျံလွှတ်တင်တာဟာ လူနေထူထပ်တဲ့ ဒေသတွေအပေါ် ဒုံးပျံအစိတ်အပိုင်းတွေ ပြုတ်ကျလာနိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်သလို အီကွေတာနဲ့ ပိုနီးတဲ့ နေရာကနေ လွှတ်တင်နိုင်တာကြောင့် လောင်စာဆီလည်း ပိုမိုသက်သာစေပါတယ်။
တရုတ်နိုင်ငံဟာ အရင်က ရေပေါ်လွှတ်တင်မှုတွေကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ဖူးပေမယ့် အခုလို တောင်တရုတ်ပင်လယ်ပြင်ဘက် တိုးချဲ့လာတာကတော့ သူတို့ရဲ့ ရေကြောင်းအခြေပြု အာကာသလုပ်ငန်းတွေကို ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်တာဖြစ်ပြီး လက်ရှိ ဒုံးပျံတွေကို ရေပေါ်မှာ ပြန်လည်သိမ်းဆည်းနိုင်မယ့် စနစ်တွေကိုလည်း ဖော်ဆောင်နေပါတယ်။
Ref: IE
ကိုထက်
MWD
