ကာဗွန်ထုတ်လွှတ်မှုကို ကောင်းစွာလျှော့ချနိုင်မယ့် မီးတောင်ကျောက်အသုံးပြု ဘိလပ်မြေ
စတန်းဖို့တက္ကသိုလ်မှ ဘူမိရူပပညာရှင်တစ်ဦးဖြစ်တဲ့ တီဇီယာနာဗာနိုရီယိုက ဘိလပ်မြေထုတ်လုပ်ရာမှာ အဓိကသုံးစွဲရတဲ့ထုံးကျောက်အစား မီးတောင်ကျောက်တွေကိုအသုံးပြုပြီး ကာဗွန်ထုတ်လွှတ်မှုကို ၆၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မယ့် ဘိလပ်မြေအမျိုးအစားသစ်ကို တီထွင်လိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့လေထုကိုညစ်ညမ်းစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ ကြီးကြီးမားမားပါဝင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက် တကယ့်ကိုထူးခြားတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
ပုံမှန်ဘိလပ်မြေထုတ်လုပ်တဲ့အခါ ထုံးကျောက်တွေကို အပူချိန်အလွန်မြင့်မားစွာ ပေးရတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေ အမြောက်အမြားထွက်ရှိလာတတ်ပါတယ်။ အခုစမ်းသပ်ထုတ်လုပ်ထားတဲ့ မီးတောင်ကျောက်သုံး ဘိလပ်မြေကတော့ အပူပေးစရာ မလိုသလောက်နီးပါးဖြစ်တာကြောင့် စွမ်းအင်သုံးစွဲမှုကိုလည်း လျှော့ချပေးနိုင်မှာပါ။
ဒါ့အပြင် ဒီဘိလပ်မြေက သာမန်ဘိလပ်မြေတွေထက် ပိုပြီးခိုင်ခံ့မှုရှိသလို ဓာတုပစ္စည်းတွေရဲ့တိုက်စားမှုကိုလည်း ပိုမိုခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။ အခုလို သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့်နည်းပညာက ရာသီဥတုပြောင်းလဲ
မှုကိုတိုက်ဖျက်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာဖြစ်တယ်လို့ ပညာရှင်များကပြောထားပါတယ်။
Ref: IE
ကိုထက်
MWD
