Artemis-II လကမ္ဘာပတ်ခရီးစဉ်မှ အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ
Artemis-II အာကာသခရီးစဉ်မှ အာကာသယာဉ်မှူးလေးဦးသည် မိုင်ပေါင်း ၆၉၀,၀၀၀ ကျော်ရှိသည့် လကမ္ဘာပတ်ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ပြီး ဧပြီလ ၁၁ ရက်နေ့တွင် ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြသည်။
သူတို့လိုက်ပါလာသော Orion အာကာသယာဉ်သည် ကြိုတင်သတ်မှတ်ထားသည့်အတိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စနစ်တကျ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
ဤခရီးစဉ်သည် ဆယ်စုနှစ်ငါးခုကျော်အတွင်း လူသားများအနေဖြင့် လကမ္ဘာအနီးသို့ ပထမဆုံး ပြန်လည်ရောက်ရှိနိုင်ခဲ့သော အရေးပါသည့် အာကာသခရီးစဉ်တစ်ခုလည်း ဖြစ်သည်။
ခရီးစဉ်အတွင်း အမေရိကန်အာကာသအေဂျင်စီ NASA နှင့် ကနေဒါအာကာသအေဂျင်စီမှ အာကာသယာဉ်မှူးများသည် လ၏ မမြင်နိုင်သော တစ်ဖက်ခြမ်းအထိ ပတ်သန်းပျံသန်းခဲ့ပြီး အာကာသယာဉ်၏ စနစ်များကိုလည်း အသေးစိတ် စမ်းသပ်ခဲ့ကြသည်။
ခရီးစဉ်အောင်မြင်မှုကြောင့် နောက်ထပ် လကမ္ဘာပေါ်သို့ တိုက်ရိုက်ဆင်းသက်မည့် Artemis-III ခရီးစဉ်အတွက်လည်း အားတက်စရာဖြစ်လာခဲ့သည်။
ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာသည့် အာကာသယာဉ်မှူးများ၏ ကျန်းမာရေးအခြေအနေမှာလည်း ပုံမှန်ကောင်းမွန်နေကြောင်း သိရသည်။
MWD
