ရေနံစျေးနှုန်းများ မြင့်တက်နေသည့်အတွက် သမ္မတ ထရမ့်နှင့် စွမ်းအင်ကဏ္ဍမှ အမှုဆောင်အရာရှိများ အိမ်ဖြူတော်တွင် တွေ့ဆုံ

News Image

  • ရေနံစျေးနှုန်းများ မြင့်တက်နေသည့်အတွက် သမ္မတ ထရမ့်နှင့် စွမ်းအင် ကဏ္ဍမှ အမှုဆောင်အရာရှိများ အိမ်ဖြူတော်တွင် တွေ့ဆုံ

သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ထိပ်တန်းလက်ထောက်အချို့သည် အင်္ဂါနေ့ (ဧပြီ ၂၈) က အိမ်ဖြူတော်တွင် စွမ်းအင်ကဏ္ဍမှ အမှုဆောင် အရာရှိ များနှင့်တွေ့ဆုံခဲ့ပြီး အီရန်နှင့်ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ရေနံစျေးနှုန်းများအပေါ် ဆက်လက်သက်ရောက်နေသည့် ဖိအားများအပါအဝင်အခြားသောအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ အိမ်ဖြူတော်စစ်ဦးစီးချုပ် Susie Wiles ၊ ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ အထူးကိုယ်စားလှယ် Steve Witkoff နှင့် သမ္မတ၏ သမက်ဖြစ်သူ Jared Kushner တို့ တက်ရောက်ခဲ့ကြကြောင်း အဆိုပါအရာရှိက ဆိုသည်။ တက်ရောက်လာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာအမှုဆောင်များထဲတွင် Chevron ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Mike Wirth လည်း ပါဝင်ခဲ့သည်။

သမ္မတဟာ ပြည်တွင်းနဲ့ နိုင်ငံတကာစွမ်းအင်စျေးကွက်တွေအပေါ်သူတို့ရဲ့ သဘောထားအမြင်တွေကို သိရှိနိုင်ဖို့အတွက် စွမ်းအင်ကဏ္ဍက အမှုဆောင်တွေနဲ့ မကြာခဏ တွေ့ဆုံလေ့ရှိပြီး မနေ့ကလည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်” ဟု အဆိုပါအရာရှိက ဆိုသည်။ “အမှုဆောင်တွေဟာ ပြည်တွင်း ထုတ်လုပ်မှု၊ ဗင်နီဇွဲလားနိုင်ငံရဲ့ တိုးတက်မှုအခြေအနေ၊ ရေနံကြိုပွိုင့်စျေးကွက်၊ သဘာဝဓာတ်ငွေ့နဲ့ သင်္ဘောကုန်စည်ပို့ဆောင်ရေးအပါအဝင် ခေါင်းစဉ်အတော်များများကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: Axios

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး