သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

News Image

  • သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

တန့်ယန်း   မေ   ၇

     ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက မေလ ၇ ရက် နံနက်ပိုင်းတွင် အမှတ်(၆)ရပ်ကွက်၌ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ကျန်းမာရေးဆရာမ  ဒေါ်မြင့်မြင့်ထူးကျော်နှင့် တာဝန်ရှိသူများက  ပူးပေါင်းဆောင်ရွက်ပြီး  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်မှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ ဆောင်ရွက်ကြကြောင်း သိရသည်။

MWD