ဗင်နီဇွဲလားအရေးနှင့် ရေနံကိစ္စဆွေးနွေးရန် Exxon နှင့် Chevron အကြီးအကဲများကို သမ္မတ ထရမ့် အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံ

News Image

  • ဗင်နီဇွဲလားအရေးနှင့် ရေနံကိစ္စဆွေးနွေးရန် Exxon နှင့် Chevron အကြီးအကဲများကို သမ္မတ ထရမ့် အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံ

သမ္မတ ဒေါ်နယ်ထရမ့်က ရေနံနှင့် ဗင်နီဇွဲလား နိုင်ငံအရေးကိစ္စရပ်များကို ဆွေးနွေးရန်အတွက် Chevron နှင့် ExxonMobil အပါအဝင် အမေရိကန် ထိပ်တန်းစွမ်းအင်ကုမ္ပဏီများမှ အမှုဆောင်အရာရှိချုပ်များနှင့် တွေ့ဆုံခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ (မေ ၆) တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အိမ်ဖြူတော်၌ ကျင်းပခဲ့သည့် Rose Garden Club ညစာစားပွဲတွင် ထိုသို့တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ရေနံကုမ္ပဏီများသည် ဗင်နီဇွဲလားနှင့် အခြားဒေသများတွင် လုပ်ငန်းများတိုးချဲ့ရန် အထူးစိတ်အားထက်သန်နေကြကြောင်း သမ္မတက ဆိုသည်။

သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထရမ့်က အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့၏ အခြေအနေများကို နှိုင်းယှဉ်ပြောကြားခဲ့ပြီး ဗင်နီဇွဲလားတွင် အမေရိကန်၏ ဆောင်ရွက်ချက်များသည် လျင်မြန်စွာ အောင်မြင်မှုရရှိခဲ့ကာ ထိုနိုင်ငံအတွက် ကောင်းမွန်သောရလဒ်များဖြစ်ထွန်းစေခဲ့ကြောင်း အလေးပေးပြောဆိုခဲ့သည်။ 

ထို့အပြင် ပြီးခဲ့သည့်သီတင်းပတ်ကတွေ့ဆုံခဲ့သည့် ရေနံလုပ်ငန်းရှင်အချို့ကလည်း အီရန် ဆိပ်ကမ်းများကိုပိတ်ဆို့ရန် ထရမ့်၏ ဆုံးဖြတ်ချက်အပေါ် ထောက်ခံချီးကျူးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါတွေ့ဆုံမှုသည် အမေရိကန် စွမ်းအင်ကုမ္ပဏီများ၏ နိုင်ငံတကာလုပ်ငန်းချဲ့ထွင်ရေးနှင့် အစိုးရ၏ နိုင်ငံခြားရေးမူဝါဒများအကြား ပူးပေါင်းဆောင်ရွက်မှုကိုပြသနေခြင်းလည်း ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး