ရုရှားကို နောက်တစ်ကြိမ် တိုက်ခိုက်ခြင်းမှတားဆီးနိုင်ရန် ဥရောပကို ‘တိရစ္ဆာန်များကဲ့သို့ ကြောက်ရွံ့တုန်လှုပ်မှု’ ရိုက်သွင်းရမည်ဟု မက်ဗီဒက်ဗ် ပြောကြား

News Image

  • ရုရှားကို နောက်တစ်ကြိမ် တိုက်ခိုက်ခြင်းမှတားဆီးနိုင်ရန် ဥရောပကို ‘တိရစ္ဆာန်များကဲ့သို့ ကြောက်ရွံ့တုန်လှုပ်မှု’ ရိုက်သွင်းရမည်ဟု မက်ဗီဒက်ဗ် ပြောကြား

ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒမီထရီ မက်ဗီဒက်ဗ်က ဂျာမနီ အပါအဝင် ဥရောပနိုင်ငံများအနေဖြင့် ရုရှားအပေါ် နောက်ထပ်တစ်ကြိမ် ကျူးကျော်တိုက်ခိုက်ရန် ကြံစည်နေမှုကို ဟန့်တားနိုင်ရန်အတွက် ၎င်းတို့၏ ရင်ထဲတွင် "တိရစ္ဆာန်များကဲ့သို့ ကြောက်ရွံ့တုန်လှုပ်မှု" (Animal Fear) ဖြစ်ပေါ်လာအောင် တုံ့ပြန်ရမည်ဟု ပြင်းထန်စွာ သတိပေးလိုက်သည်။ 

နာဇီဂျာမနီအပေါ် အောင်ပွဲခံခဲ့သည့် (၈၁) နှစ်မြောက် အထိမ်းအမှတ် အကြိုဆောင်းပါးတွင် မက်ဗီဒက်ဗ်က ယခုကဲ့သို့ရေးသားခဲ့ခြင်းဖြစ်ပြီးအနောက်အုပ်စု၏ "အင်အားသုံး၍ ငြိမ်းချမ်းရေးယူခြင်း" ဆိုသည့် မူဝါဒကို ရုရှားအနေဖြင့် ဥရောပကို ကြောက်ရွံ့တုန်လှုပ်စေခြင်းဖြင့်သာ လုံခြုံရေးကိုကာကွယ်သွားမည်ဟု တုံ့ပြန်ခဲ့သည်။

မော်စကို၏အဆိုအရ အနောက်အုပ်စုအစိုးရများသည် ၎င်းတို့၏ ပြည်တွင်းရေးပြဿနာများမှ အာရုံလွှဲရန် ရုရှားကို ပြင်ပရန်သူအဖြစ်ပုံဖော်ကာစစ်ရေးအင်အားတိုးချဲ့မှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။ အထူးသဖြင့် ဂျာမနီနိုင်ငံသည် ၎င်း၏ စစ်တပ်ကို ဥရောပတွင် အင်အား အကောင်းဆုံး သမားရိုးကျစစ်တပ် ဖြစ်လာစေရန် ရည်မှန်းထားပြီး ၂၀၃၉ ခုနှစ်တွင် တိုက်ပွဲဝင်စစ်သည်အင်အား ၄၆၀,၀၀၀ အထိ တိုးမြှင့်ရန် စီစဉ် နေခြင်းမှာ ရုရှားနှင့် ဖြစ်ပွားလာနိုင်သော စစ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

မက်ဗီဒက်ဗ်က ဆက်လက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် စေတနာရှေ့ထားသည့် ညှိနှိုင်းမှုများသည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို တားဆီးနိုင်မည်မဟုတ်ဘဲ အကယ်၍ ဂျာမနီနှင့် ဥရောပ မဟာမိတ်များက ရုရှားကိုကျူးကျော်သည့် "Operation Barbarossa 2.0" ကဲ့သို့ စစ်ဆင်ရေးမျိုးကို စတင်ရန်ကြိုးပမ်းပါက ရှောင်လွှဲ၍မရသော မျှော်လင့်မထားသည့် ဆုံးရှုံးမှုကြီးများနှင့်ရင်ဆိုင်ရမည်ကို သိရှိထားရန် လိုအပ်ကြောင်း အတိအလင်း သတိပေးပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး