အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

ပေကျင်း မေ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေ ၁၃ ရက်မှ ၁၅ ရက် ထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် အတည်ပြုထား ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် သမ္မတရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ မေ ၁၃ ရက် မှ ၁၅ ရက်ထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် မေ ၁၃ ရက်တွင် ပေကျင်းမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် တရုတ်ခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်သည်။

တရုတ်ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အနေဖြင့် အီရန်စစ်ရေးပဋိပက္ခနှင့် တရုတ်(တိုင်ပေ)ကိစ္စမှသည် နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာများ ပါဝင်သောကိစ္စများကို ဆွေးနွေးကြဖွယ်ရှိသည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲသည် တရုတ်သမ္မတနှင့် အမေရိကန်သမ္မတတို့အတွက် ခြောက် လကျော်ကြာကာလအတွင်း ပထမဆုံးလူချင်းတွေ့ဆုံဆွေးနွေးပွဲဖြစ်လာမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် တရုတ်နိုင်ငံသို့ မူလက မတ်လကုန်ပိုင်း သို့မဟုတ် ဧပြီလ အစောပိုင်းတွင် သွားရောက်ရန် စီစဉ်ခဲ့သော်လည်း အီရန်စစ်ရေးပဋိပက္ခကြောင့် အစီအစဉ်ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

ရတနာပုံ