အီရန်၏ သန့်စင်ပြီး ယူရေနီယံများကို သိမ်းယူမည်ဟု ထရမ့်ကတိပြု

News Image

  • အီရန်၏ သန့်စင်ပြီး ယူရေနီယံများကို သိမ်းယူမည်ဟု ထရမ့်ကတိပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဓိကတောင်းဆိုချက်တစ်ခုဖြစ်သော အီရန်၏ သန့်စင်ပြီးယူရေနီယံများကို တစ်ချိန်ချိန်တွင် သိမ်းယူမည်ဟု ကတိပြုလိုက်ကြောင်း သိရသည်။

အင်တာဗျူးတစ်ခုတွင် အမေရိကန်အနေဖြင့် အီရန်၏ နျူကလီးယားပစ္စည်းများကို မရရှိသေးသည့်အခြေအနေအပေါ် မေးမြန်းရာတွင် ထရမ့်က “ကျွန်တော်တို့လိုချင်တာမှန်သမျှ တစ်ချိန်ချိန်ရမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

၎င်းက ထိုနေရာများကို အာကာသတပ်ဖွဲ့ဖြင့် စောင့်ကြည့်ထားပြီး မည်သူမဆို အနားကပ်လာပါက သိရှိပြီး ဖျက်ဆီးနိုင်မည်ဟုလည်း ဆိုသည်။

အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည် အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်မှုကို ကြိုတင်တားဆီးရန်ဟူသော အကြောင်းပြချက်ဖြင့် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့ကြောင်း သိရသည်။

အမေရိကန်၏ နောက်ဆုံးအဆိုပြုချက်အရ အီရန်သည် နျူကလီးယားလက်နက် မထုတ်လုပ်ရန်၊ ယူရေနီယံသန့်စင်မှုအားလုံး ရပ်တန့်ရန်နှင့် သိုလှောင်ထားသည့် ယူရေနီယံများကို စွန့်လွှတ်ရန် တောင်းဆိုထားသည်။

ရုရှားနိုင်ငံက အဆိုပါပစ္စည်းများ ဖယ်ရှားရာတွင် ကူညီမည်ဟု ကမ်းလှမ်းထားသော်လည်း အီရန်ဘက်က ၎င်းတို့၏ ယူရေနီယံများကို လွှဲပြောင်းရန် ငြင်းဆိုထားကြောင်း သိရသည်။

Ref: RT

MWD