မှော်ဘီမြို့နယ်၌ နွေစပါးရိတ်သိမ်းခြင်း ကွင်းဆင်းစစ်ဆေး

News Image

  • မှော်ဘီမြို့နယ်၌ နွေစပါးရိတ်သိမ်းခြင်း ကွင်းဆင်းစစ်ဆေး

မှော်ဘီ မေ ၁၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာနက ရက်(၁၀၀)စီမံချက်အတွင်း သက်တန့်ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့် နွေစပါးရိတ်သိမ်းခြင်းကို မေ ၉ ရက်တွင် ရိုးဝကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။

 

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်နွေနွေအောင်နှင့် မြို့နယ်အသင်းစုမှ တာဝန်ရှိသူများက မှော်ဘီအားမာန်မျိုးစေ့ထုတ် တောင်သူ ဦးသန်းထွန်း၏ နွေစပါးရိတ်သိမ်းမှုကို ကွင်းဆင်းကြည့်ရှုရာ တစ်ဧကလျှင် တင်း ၁၀၀ မှ ၁၁၀ ထွက်ရှိ၍ မျိုးသန့်စင်ခြင်း၊ ထုပ်ပိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ သမဝါယမအသင်းသား တောင်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

MWD