ပျဉ်းမနားဘိုးဘွားရိပ်သာ၌ ကွင်းဆင်းကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

News Image

  • ပျဉ်းမနားဘိုးဘွားရိပ်သာ၌ ကွင်းဆင်းကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော် မေ ၂၄

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကွင်းဆင်းကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပျဉ်းမနားဘိုးဘွားရိပ်သာသို့သွားရောက်၍ သက်ကြီးအဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ခုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ဘိုးဘွားရိပ်သာရှိ အဘိုး ၁၃ ဦး၊ အဘွား ၂၈ ဦး စုစုပေါင်း ၄၁ ဦးတို့ကို စစ်ဆေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

MDN