ရေးမြို့နယ်၌ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်း ဖွင့်လှစ်
ရေး မေ ၂၅
မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လူထုကျန်းမာရေး လုပ်သား (အကျဉ်းချုံး) သင်တန်း တတိယအသုတ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ (ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အမှာစကား ပြောကြားပေးပြီး ရေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးထက်က လူထုကျန်းမာရေး လုပ်သားများအနေဖြင့် ပို့ချပေးသည့် ပညာရပ်ဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိ ထိရောက်စွာ ပြန်လည် အသုံးချစေလိုကြောင်းနှင့် ပြည်သူလူထုကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ စေတနာ့ကျန်းမာရေးဝန်ထမ်း သင်တန်းသားဦးရေ ၆၀ အား ကျန်းမာရေးဆိုင်ရာပညာရပ်များကို မေ ၂၅ ရက်မှ စတင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ
MDN

,