ရွှေတောင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီး ကြိုဆိုပွဲကျင်းပ
ရွှေတောင် မေ ၂၈
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်မှ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂)မှ နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးလမ်းတွင် တာဝန်ရှိသူများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂)မှ ပြည်သူ့စစ်မှုထမ်း ၂၃ ဦးတို့အား ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)
MDN

,
,
,
,