မတူညီသည့်အသင်း ၂၁ သင်းကို ဂိုးသွင်းယူနိုင်သော ကစားသမားအဖြစ် တိုက်စစ်မှူးဟယ်ရီကိန်းမှတ်တမ်းဝင်
လန်ဒန် ဇွန် ၈
အင်္ဂလန်အသင်း တိုက်စစ်ကစားသမား ဟယ်ရီ ကိန်းသည် နိုင်ငံတကာခြေစမ်းပွဲအဖြစ်ကစားသည့် အင်္ဂလန်အသင်းက နယူးဇီလန်အသင်းကို ၁ ဂိုး - ဂိုးမရှိဖြင့်အနိုင်ရရှိသောပွဲတွင် အသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ပြီးနောက် ရွန်းနီကိုကျော်ဖြတ်ပြီး အင်္ဂလန်အသင်း၌ မတူညီသည့် အသင်း ၂၁ သင်းကို ဂိုးသွင်းယူနိုင်သောကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း သိရသည်။
ဟယ်ရီကိန်းသည် အင်္ဂလန်အသင်းက နယူးဇီလန် အသင်းကို ၁ ဂိုး - ဂိုးမရှိဖြင့်အနိုင်ရရှိသည့်ပွဲ၌ ပွဲချိန် ၄၅ မိနစ်အပြီး အချိန်ပို နှစ်မိနစ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ပြီးနောက် အင်္ဂလန်အသင်း ၌ မတူညီသည့်အသင်း ၂၁ သင်းကို ဂိုးသွင်းယူ
နိုင်သောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက အင်္ဂလန်အသင်း၌ မတူညီသည့် အသင်းများကို ဂိုးသွင်းယူနိုင်သော ကစားသမားအဖြစ် ဟယ်ရီကိန်းသည် ရွန်းနီနှင့်အတူ ပွဲ ၂၀ ဖြင့် ထိပ်ဆုံး၌ရပ်တည်နေသော်လည်း ယခုအခါ ဟယ်ရီကိန်းက ရွန်းနီကို တစ်ပွဲအသာဖြင့်ကျော်ဖြတ်ပြီး အသင်းသမိုင်းတစ်လျှောက် မတူညီသည့်အသင်း ၂၁ သင်းကို ဂိုးသွင်းယူနိုင်သော ပထမဆုံးကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဟယ်ရီကိန်းသည် အင်္ဂလန်အသင်းနှင့်အတူ မတူ ညီသည့် အသင်း ၃၅ သင်းနှင့်ကစားရာတွင် ၂၁ သင်း ကို ဂိုးသွင်းယူနိုင်ခြင်းဖြစ်ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၁၃ ပွဲကစားရာ ၇၉ ဂိုး သွင်းယူထားသူဖြစ်ကြောင်း သိရသည်။
Ref;B/R Football
MWD
