၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ဘော်လီဘောအသင်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ
တောင်ကြီး ဇွန် ၈
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် ဘော်လီဘောအသင်းအား တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ဘော်လီဘော လက်ရွေးစင်အသင်းအား ပြိုင်ပွဲကုန်ကျစရိတ်ငွေများ ပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက လက်ခံရယူကြပြီး ရှမ်းပြည်နယ် ဘော်လီဘောဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အလှူငွေများ ပေးအပ်ကြသည်။
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဇွန်လ ၁၀ ရက်မှ ၁၉ ရက်အထိ ပြည်နယ်လေ့ကျင့်ရေးကွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
MWD
