အကြောအားနည်းသူများအတွက် ဓာတ်စာ ကညွတ်ဟင်းလျာ

Posted_Date

Image

အကြောအားနည်းသူများအတွက် ဓာတ်စာ ကညွတ်ဟင်းလျာ

Body

အကြောအားနည်းသူ၊    အထူးသဖြင့်  အသက်အရွယ်ကြီး၍ အကြောအားနည်း သူများအတွက်   ကညွတ်သည်   အထူးသင့်လျော်သော ဓာတ်စာဖြစ်ပြီး မိုးဦးကျအချိန်တွင်သာရနိုင်သော      ရာသီစာဖြစ် သည်။

ဟင်းလျာအဖြစ်  ချက်စားသောကညွတ်ကို   ကညွတ်လေးဟုလည်း ခေါ် ကြသည်။ ကညွတ်ကြီးမှာ နွယ်တက်သော အပင်မျိုးဖြစ်သည်။  ဆူးများသဖြင့်  ရှဉ့် မတက်ပင်ဟုလည်းခေါ်ကြသည်။   ရှဉ့်မတက်ဥကို ဆေးဖော်ရာတွင်   အသုံးပြု သည်။  ရှဉ့်မတက်ဥကို   အခြောက်လှန်း၊  အမှုန့်ပြုလုပ်ပြီး  ပျားရည်နှင့်စားလျှင်  လူကြီးများအတွက် အားဆေးဖြစ်သည်။  ကညွတ်လေးနှင့် ကညွတ်ကြီး(ရှဉ့်မတက်)  နှစ်မျိုးစလုံး  အကြောအားကောင်းစေ သော အာနိသင်ရှိသည်။

ဟင်းချက်စားရသော   ကညွတ်ပင်သည်  ပထဝီ၊  အာပေါ၊   ဝါယောဓာတ် အားကောင်းသော   အပင်မျိုးဖြစ်သည်။  မိုးဦးကျတွင် မြေကြီးအတွင်းမှ ဖောက် ထွက်၍ပေါက်လာသော   အပင်မျိုးဖြစ် သဖြင့်   အကြောအားကောင်း၊    လေအား ကောင်းစေသော      အပင်မျိုးဖြစ်သည်။ မြေကြီးအတွင်းမှ    ဖောက်ထွက်ရသဖြင့်    ထိပ်ဖူးတွင် အချွန်ကဲ့သို့သဏ္ဌာန်ရှိသည်။ တချို့က   ဟင်းချက်စား၊    ကြော်စားရာတွင်  ထိပ်ဖူးကို  ခါးသက်သည့်အရသာရှိသဖြင့် ဖယ်လေ့ရှိသည်။  အမှန်မှာ ထိပ်ဖူးတွင် ဝါယောဓာတ်အားအပြည့်ရှိသည်ဟု    မှတ်ယူရမည်။

ကညွတ်ကို   အနေတော်ပိုင်းဖြတ်ပြီး ပုစွန်ခြောက်နှင့်  ကြော်စားနိုင်သည်။ ဟင်းချက်စားလျှင်    အသားတစ်မျိုးမျိုး နှင့်ရော၍ ရေချိုဟင်းချက်စားနိုင်သည်။ ကြက်သားနှင့်  ကညွတ်ရောချက်စားနိုင် သည်။ ကြက်တောင်ပြန်သားနှင့်ကညွတ် သည် အကြောအားကောင်းစေသည်ဟု ရှေးဓာတ်စာဆရာကြီးများက     ပေးကြသည်။ အတောင်များ ကော့လန်နေသည့် ကြက်ကို  ကြက်တောင်ပြန်ဟု  ခေါ်ကြ သည်။ ယင်းကြက်သားသည် ဆေးဖက်ဝင် သည်ဟုဆိုသည်။

ကညွတ်နှင့်ကြက်သား ရောချက်သော အခါ ရှေးဦးစွာ ကြက်သားကို အနေတော် အတုံးငယ်လေးများတုံးပြီး ကြက်သွန်နီ၊ ချင်းအနည်းငယ်၊ နနွင်းမှုန့်အနည်းငယ်ဖြင့်   ဆီသတ်၍  အသားနူးစေရန် ငါးမိနစ်ခန့် လုံးထားပါ။ ကညွတ်ကို လက်နှစ်ဆစ်ခန့် ပိုင်းဖြတ်ပြီးနောက် ဓားပြားရိုက်ထားပါ။ လုံးထားသည့်ဟင်းအိုးအတွင်းသို့ ကညွတ် ကိုထည့်ပြီးနောက် ရေအနည်းငယ်ထည့် ပြီး အုပ်ထားပါ။ ကြက်သားနူးစေရန် မှန်း ပြီး ရေကိုအနေတော်ထည့်ချက်ရပါမည်။ တချို့ဓာတ်စာဆရာကြီးများက  ပို၍အား ရှိစေရန်အတွက်  အမဲသားနှင့်လည်း ရောချက်စားရန် ဓာတ်စာပေးလေ့ရှိသည်။

ဓာတ်စာအနေဖြင့် ကညွတ်သည် အေး၊ ဖန်၊   ခါးအရသာရှိ၍   လေကိုနိုင်သည်။ ကြက်သားနှင့်တွဲသောအခါ  ကြက်သား သည်   ပူ၍ချိုသော   ပထဝီဓာတ်စာဖြစ် သည်။  ထိုနှစ်မျိုးတွဲသောအခါ  ပထဝီ+ ဝါယောဓာတ်စာဖြစ်သဖြင့် အကြောအား နည်းသူ၊ လေအားယုတ်သူ၊ လေဖြတ်သူ၊ အိပ်မပျော်သူ၊   သလိပ်များသူ၊   အဆစ် အမျက်နာသူ၊ ခါးနာ၊ ဒူးနာရောဂါရှိသူများ အတွက်   သင့်တော်ပြီး   အားရှိစေသော  ဓာတ်စာမျိုးဖြစ်ကြောင်း  ရေးသားလိုက် ရပါသည်။

MWD