အမေရိကန်အနေဖြင့် နျူကလီးယားလက်နက်များစမ်းသပ်မှုလုပ်လျှင် ရုရှားကတုံ့ပြန်မည်ဟုဆို
မော်စကို၊ စစ်ရေး
အမေရိကန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များစမ်းသပ်မှုဆိုင်းငံ့သည့်သဘောတူညီချက်ကိုချိုးဖောက်ပြီး နျူကလီးယားလက်နက်များကို စမ်းသပ်မှုများလုပ်ပါက အမေရိကန်၏လုပ်ဆောင်မှုနှင့်အညီလက်တုံ့ပြန်မည်ဟု ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က အောက်တိုဘာလ ၃၀ ရက်တွင်ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် နျူကလီးယားလက်နက်များကို စမ်းသပ်မှုများပြန်လည်စတင်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း အောက်တိုဘာလ ၃၀ ရက်တွင်ပြောပြီးနောက်ရုရှားအစိုးရကယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။
အခြားအင်အားကြီးနိုင်ငံများက နျူကလီးယားလက်နက်များ စမ်းသပ်နေသည့်အတွက် အမေရိကန်ကလည်း အလားတူလုပ်ဆောင်ရမည်ဖြစ်ကြောင်း ထရမ့်ကပြောထားခြင်းဖြစ်သည်။ သို့သော် ထရမ့်ပြောသကဲ့သို့ ရုရှားနိုင်ငံက နျူကလီးယားလက်နက်များကိုစမ်းသပ်ခြင်းမရှိကြောင်း၊Burevestnik ဒုံးကျည်ကိုရည်ညွှန်းပါကယင်းသည်နျူကလီးယားလက်နက်စမ်းသပ်မှုမဟုတ်ဘဲ နိုင်ငံတိုင်းကဆောင်ရွက်ပိုင်ခွင့်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးစနစ်ကိုစမ်းသပ်ခြင်းသာဖြစ်ကြောင်း ပက်စကော့ကပြောထားသည်။
Ref: RT
MWD
