အဏ္ဏဝါရေပြင်ကို အထိရောက်ဆုံး ကာကွယ်နိုင်စေမယ့် ရေအောက်ထောက်လှမ်းရေး ကွန်ရက်
ဩစတြေးလျနိုင်ငံက သူတို့ရဲ့မြောက်ပိုင်းအဏ္ဏဝါရေပြင်ကို အထိရောက်ဆုံး ကာကွယ်မှုတွေလုပ်ပြီး စောင့်ကြည့်နိုင်စေမယ့် ရေအောက်ထောက်လှမ်းရေး ကွန်ရက်တစ်ခုကို တည်ဆောက်ဖို့လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးအတွက် အရေးကြီးတဲ့ ရေလမ်းကြောင်းကျဉ်းများကဲ့သို့သော မဟာဗျူဟာမြောက်နေရာတွေအတွက် အလွန်အရေးပါတဲ့စနစ် ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းအတွက် ကုမ္ပဏီကြီးသုံးခုက ပူးပေါင်းထားတာပါ။ အဲဒီကုမ္ပဏီတွေကThales Australia၊ Austal နဲ့ C2 Roboticsတို့ပဲဖြစ်ပါတယ်။ ဒီကုမ္ပဏီသုံးခုစလုံးက ကာကွယ်ရေးနဲ့ သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီကြီးများဖြစ်ပါတယ်။
အခုဖန်တီးမယ့်စနစ်မှာ အဆင့်မြင့်တဲ့ ဆိုနာအာရုံခံကိရိယာများ၊ ဆက်သွယ်ရေးစနစ်များနဲ့အတူ အလိုအလျောက်သွားနိုင်တဲ့ မောင်းသူမဲ့ရေအောက်သွား ဒရုန်းများကို ကာလရှည်ရေအောက် ထောက်လှမ်းရေးကွန်ရက်ထဲ ပေါင်းထည့်ခြင်းအားဖြင့် ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီစနစ်မှာအဓိကပါဝင်မယ့် အစိတ်အပိုင်းက Spear-tooth လို့အမည်ပေးထားတဲ့ အကြီးစားမောင်းသူမဲ့ ရေအောက်သွား ဒရုန်းပဲဖြစ်ပါတယ်။
MWD
