တရုတ်က ရေအောက်မီတာ ၂၀၀ အနက်ရှိ ဖိအားမျိုးမှာ ဒုံးကျည်အင်ဂျင်ကို အောင်မြင်စွာစမ်းသပ်နိုင်

News Image

  • တရုတ်က ရေအောက်မီတာ ၂၀၀ အနက်ရှိ ဖိအားမျိုးမှာ ဒုံးကျည်အင်ဂျင်ကို အောင်မြင်စွာစမ်းသပ်နိုင်

တရုတ်နိုင်ငံက ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၂၀၀ အနက်ရှိဖိအားမျိုးမှာ ဒုံးကျည်အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ မတ်လ ၂၅ ရက်မှာ ထုတ်ပြန်တဲ့သုတေသနအရ အခုလိုစမ်းသပ်မှုဟာ ရေငုပ်သင်္ဘောအခြေပြုပြီး ပစ်လွှတ်နိုင်တဲ့ဒုံးကျည်တွေကို အရင်ကထက်ပိုမိုနက်ရှိုင်းတဲ့ ရေအောက်ပိုင်းကနေ ပစ်ခတ်နိုင်စေဖို့ လမ်းခင်းပေးလိုက်တာပါ‌။

ပုံမှန်အားဖြင့် ရေငုပ်သင်္ဘောအခြေပြုဒုံးကျည်တွေကို အနက်မီတာ ၃၀ ခန့်ရှိတဲ့ ရေတိမ်ပိုင်းကပဲ ပစ်ခတ်နိုင်ပေမယ့် အခုလိုဒုံးကျည်အင်ဂျင်ရဲ့ ရှေ့ပြေးပုံစံကတော့ ပြင်းထန်တဲ့ ရေအောက်ဖိအားကြားမှာတောင် တည်ငြိမ်တဲ့ ပေါက်ကွဲအားကို ထုတ်ပေးနိုင်တာ တွေ့ရပါတယ်။ ဒီနည်းပညာကြောင့် တရုတ်တပ်မတော်ရဲ့ နျူကလီးယားတုံ့ပြန်မှု စွမ်းရည်ဟာ ပိုပြီးမြင့်မားလာမှာ ဖြစ်သလို ရန်သူကထောက်လှမ်းဖို့ခက်ခဲတဲ့ ပင်လယ်နက်ပိုင်းတွေကိုလည်း ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ ပလက်ဖောင်းတွေအဖြစ် အသုံးပြုလာနိုင်မှာပါ။

သုတေသီတွေရဲ့အဆိုအရ ရေအောက်ဖိအားကြောင့် ဒုံးကျည်ရဲ့တွန်းအားဟာ ၃၂ ရာခိုင်နှုန်းကျော် လျော့နည်းတာမျိုး ရှိပေမယ့်ဒါဟာ ပင်လယ်ကြမ်းပြင်မှာ  အမြဲတမ်းတပ်ဆင်ထားမယ့် လက်နက်သစ်တွေအတွက် အရေးပါလာမှာ ဖြစ်ပါတယ်။     

Ref: IE

ကိုထက်

MWD